Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော်သင်္ကြန်စည်ကားစေရန်ဝန်ကြီးဌာနတစ်ခုလျှင်လူ ၆၀ ဦးမဖြစ်မနေတက်ရမည်ဟုစစ်ကာင်စီဖိအား​ပေး

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း သင်္ကြန်ကာလနှစ်ကြိမ်၌ စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများနှင့် ၎င်းတို့ စီစဥ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်ကားစေရန် ပုံဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

(ရေပက်ခံထွက်သူ အနည်းငယ်သာတွေ့ရသော ပြီးခဲ့သည့်နှစ် နေပြည်တော်သင်္ကြန်မြင်ကွင်းအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ရေပက်ခံထွက်သူ အနည်းငယ်သာတွေ့ရသော ပြီးခဲ့သည့်နှစ် နေပြည်တော်သင်္ကြန်မြင်ကွင်းအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

နေပြည်တော်သင်္ကြန်မဏ္ဍပ်များ၌ စည်ကားစေရန် ဝန်ကြီးဌာနတစ်ခုလျှင် လူဦးရေ ၆၀ မဖြစ်မနေတက်ရောက်ရန် စစ်ကောင်စီကညွှန်ကြားလာကြောင်း နေပြည်တော်အခြေစိုက်ဝန်ထမ်းအချို့က ပြောသည်။

ထို့အပြင် လိုက်နာခြင်းမရှိပါက ရုံးတွင်းပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေပေးဆောင်ရန် စစ်ကောင်စီက အမိန့်ပေးထားသည်ဟုလည်း ဆိုသည်။

“ ပေးရမယ့် ဦးရေအရ ကျား၊မ တော့မခွဲဘူး။ဒါပေမယ့် အမျိုးသမီးတွေတော့ အများစုပါဖို့လိုတယ်လို့ပြောတယ်” ဟု သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင် သင်္ကြန်မဏ္ဍပ်ကို စစ်ကောင်စီက တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။

“ တချို့ကြတော့ မလိုက်ချင်တော့ အပြင်ကနေတစ်ယောက်တစ်သောင်းခွဲနဲ့ ငှားလိုက်တယ်။အခုက လူစည်နေဖို့ဆိုတာပဲ ပြချင်တာလေ” ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ထို့အပြင် ရန်ကုန်၊မန္တလေးအစရှိသည့် မြို့ကြီးများတွင်လည်း ဖျော်ဖြေရေးမဏ္ဍပ်များဆောက်ရန် စစ်ကောင်စီက စည်းရုံးမှုရှိနေသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း သင်္ကြန်ကာလနှစ်ကြိမ်၌ စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများနှင့် ၎င်းတို့ စီစဥ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်ကားစေရန် ပုံဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အကြမ်းဖက်စစ်ကောင်စီတပ်က ယခုနှစ်အတွင်း ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှုများပိုမိုလုပ်ဆောင်နေချိန်တွင် သင်္ကြန်ပွဲတော်အကြောင်းပြကာ ပျော်ပွဲ၊ရွှင်ပွဲပြုလုပ်ရန် စီစဉ်နေမှုအပေါ် ပြည်သူများပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် တော်လှန်ရေးအင်အားစုများကလည်း သတိပေးမှုများပြုလုပ်ထားသည်။

အလားတူ ပြည်တွင်း၌ တော်လှန်ရေးအခြေအနေများကိုဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏ ကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးတွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် ညမထွက်ရအမိန့်သတ်မှတ်ချက်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

You May Also Like

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရောက်ရှိသည့်ရက်တွင်ဒေသတွင်းတော်လှန်ရေးအင်အားစုများကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

ကရင်နီဒေသ၌ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူ့ဘက် ရပ်တည်လာသည့် စစ်သားနှင့် ရဲများကို ကြိုဆိုလျက်ရှိကြောင်း၎င်းကဆိုသည်။ ပြည်သူ့ရင်ခွင့်အဖွဲ့လည်း ကရင်နီဒေသ၌ ရှိကြောင်း အမှန်တကယ် ပြည်သူ့ဘက် ရပ်တည်လိုသူများကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း ခူညေးရယ်က ပြောကြားသည်။

သတင်း

မတ်လ ၂၀ရက်တွင် မတူပီအခြေစိုက် ခမရ(၃၀၄)မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ ယာဉ်တန်းကို မတူပီ-ပလက်ဝ လမ်းမပေါ် တွင်မတူပီ CDF၊ချင်းအမျိုးသားတပ်မတော်(CNA)တို့ကဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေခြင်းဖြစ်သည်။

ဆောင်းပါး

ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို နှင့် ဘောလခဲ မြို့နယ်လေးခုပေါ်ရှိ ဆက်သွယ်ရေးလမ်းမပေါ်၌ "ဒေါတမကြီး" ရွာ တည်ရှိသည်။