Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နှောကန်တိုက်ပွဲ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားနှစ်ဦး​သေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PDF ကင်းပုန်းကိုတွေ့လို့ဆင်းပစ်တဲ့ ဗိုလ်မှူးတစ်ဦးနဲ့ တပ်သားတစ်ဦးတို့ သေဆုံးသွားတယ်လို့ ဒေသတွင်း PDF အဖွဲ့များက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အရာရှိတစ်ဦးသေဆုံးခဲ့တဲ့အပြင် MA-3 နှစ်လက်လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

(​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။ ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ )
(​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။ ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ )

မနေ့က နေ့ခင်းက ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာနဲ့ နှောကန်ကျေးရွာကြားမှာ ဆိုင်ကယ်တစ်စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဦး​ဆောင်​တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့
ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့

▪️ရေစကြို မအူရဲကင်းစခန်းကို PDF များတိုက်ခိုက်မီးရှို့

မကွေးတိုင်း ရေစကြိုမြို့နယ် မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက် မီးရှို့ခဲ့​တယ်လို့ သိရပါတယ်။ မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက မနက် ၃ နာရီမှာ မြေပြင်ကနေ ထိုးစစ်ဆင်သလို ဒရုန်းနဲ့လည်း တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ မနက် ၇ နာရီမှာတော့ စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့တယ်လိို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်နဲ့ ရဲများထိခိုက်မှု အခြေအနေကို မသိရသေးပါဘူး။

(၂၀၂၂ နိုဝင်ဘာ ၁၈ရက်တွင် မအူရဲစခန်းကိုPDF များ တိုက်ခိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ)
(၂၀၂၂ နိုဝင်ဘာ ၁၈ရက်တွင် မအူရဲစခန်းကိုPDF များ တိုက်ခိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ)

▪️လက်နက်သိမ်းဆည်းခဲ့တဲ့ ရုပ်သံမှတ်တမ်း KNDF ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားထံမှ တိုက်ပွဲအတွင်း လက်နက်ရယူခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၉က ထုတ်ပြန်ပါတယ်။ ရုပ်သံမှတ်တမ်းမှာ အမှတ်(၉)တပ်ရင်းမှ ရဲဘော်တွေဟာ ရှင်းလင်းရေးပြုလုပ်နေခြင်းမဟုတ်ဘဲ အန္တရာယ်ရှိတဲ့ Fire Zoneမှာ ရန်သူရဲ့ လက်နက်ကို သွားရောက်ယူဆောင်န်ိုင်ခဲ့တာကို အသိပေးထားတာပါ။ မတ်လ ၁၉ ရက်က တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ခမရ (၅၁၃၊၅၁၇)တပ်များမှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် တပ်သားများသေဆုံးခဲ့ပါတယ်။

▪️စစ်ကောင်စီတပ်ကင်းပုန်းနဲ့ BGFယာဉ်ကို KNLA ပူးပေါင်းတပ်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ကင်းပုန်းနဲ့ စစ်ကူလာတဲ့ BGF ယာဉ်တစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က မနေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့တယ်လို့ နယ်မြေခံ KNLA တပ်မှူးက ပြောပါတယ်။ မနေ့ မနက် အစောပိုင်းမှာ ယာဉ်တန်းလုံခြုံရေး ယာဉ်တန်းအတွက် ကင်းပုန်းစောင့်နေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုမသိရသေးပေမယ့် စစ်ကူလာတဲ့ BGF တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ BGF တပ်များ သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

▪️စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာပြီး PDFနဲ့ပူးပေါင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်ရောက်ကာ ပြည်သူနဲ့အတူ ပူးပေါင်းလာတယ်လို့ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် ခမရ (၅၆၃) တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့သူ အသက် (၂၈)နှစ်အရွယ် စစ်ကောင်စီတပ်သား အောင်ကိုကိုဦးဆိုသူဟာ စစ်ကိုင်းခရိုင်အခြေစိုက် ဆားတောင်မိုးကြိုးအဖွဲ့ထံ မတ်လ ၃၁ ရက်က အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။ ရခိုင်ကနေ လူချည်းထွက်ပြေးလာတာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကာ လုပ်စရာရှိိတာ စီစဥ်ဆောင်ရွက်ပေးသွားမယ်လို့ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪️ရွှေဘို စစ်ဆေးရေးဂိတ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးသေ၊ ရဲဘော်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တက္ကသိုလ်ရှေ့မှာ စစ်ဆေးငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်ဂိတ်ကိို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ရတယ်လို့ BurmaRangers (ShweBo) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ပြောပါတယ်။ ရွှေဘိုမြို့၊ တက္ကသိုလ်ဂိတ်ပေါက်မှာ အထိုင်ချတပ်စွဲကာ လမ်းသွားလမ်းလာပြည်သူများကို ငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်ကို မနေ့ ညနေပိုင်းက ဒေသတွင်း PDFအဖွဲ့များ ပူးပေါင်းကာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား ခြောက်ဦး ပွဲချင်းပြီးသေဆုံးပြီး ရဲဘော်များပြန်လည်ဆုတ်ခွာချိန်မှာ စစ်ကောင်စီတပ်ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ရဲဘော် နှစ်ဦးကျဆုံးခဲ့တယ်လို့ ဗိုလ်အေဓီက ပြောပါတယ်။

▪️ဟုမ္မလင်းနယ် နောင်ပိုအောင်ရဲစခန်းနဲ့ စစ်ကောင်စီတပ်ရှိရာနေရာများကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ နောင်ပိုအောင်ရဲစခန်းနဲ့ စစ်ကောင်စီတပ်သားများရှိရာ တော်စီနဲ့လွင်ကြီးကျေးရွာများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှုရှိတယ်လို့ ဟုမ္မလင်းအခြေစိုက် HPDF 124 က ပြန်ကြားရေးတာဝန်ခံ ကိုချာလီက ပြောပါတယ်။ မတ်လ ၃၁ ရက် မနက်ပိုင်းကစလိို့ ဟုမ္မလင်းမြို့နယ်၊ တော်စီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ SNAအဖွဲ့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်မှု လေးနာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ မနေ့ ညပိုင်းကလည်း နောင်ပိုအောင်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ကူအမြန်ရောက်လာလိို့ ဆုတ်ခွာခဲ့တယ်လို့ HPDF အဖွဲ့က ပြောပါတယ်။

ဟုမ္မလင်းနယ်ရှိ နောင်ပိုအောင်ရဲစခန်းအား PDFများ ဝင်ရောက်တိုက်ခိုက်
ဟုမ္မလင်းနယ်ရှိ နောင်ပိုအောင်ရဲစခန်းအား PDFများ ဝင်ရောက်တိုက်ခိုက်

▪️ဒီပဲယင်းနယ်မှာ လမ်းမများကို ဘူဒိုဇာနဲ့ စစ်ကောင်စီ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်က အများပြည်သူသွားလာ အသုံးပြုနေတဲ့ လမ်းမများကို ဘူဒိုဇာနဲ့ထိုးကာ ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ကြည်ရွာ၊ ဘုရားထွက်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်များလို့ ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၁ ရက် က ကြည်ရွာထိပ်ရှိ ဒေသခံများသွားလာအသုံးပြုနေတဲ့ မူးဘောင်ပေါ်ရှိ ပြည်သူပိုင်လမ်းနဲ့ ဆိုင်ကယ်များကိုလည်းကောင်း၊ ဂွေးပင်ကုန်းကျေးရွာဘက် လမ်းမကိုလည်းကောင်း ဘူဒိုဇာနဲ့ထိုး ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ တိိုက်ခိုက်ရေးရဟတ်ယာဥ် Mi-35 တစ်စီိးနဲ့ ပစ်ခတ်ပြီး ဒေသခံများရဲ့ ပစ္စည်းများကို လုယူခြင်း၊ ဒဏ်ရာရ စစ်သားများကို လာရောက်သယ်ယူခြင်းများ ပြုလုပ်သွားတယ်လို့ သိရပါတယ်။