Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကားတန်းကပစ်လိုက်သည့်ကျည်ထိပြီး ကလေးငယ်တစ်ဦးသေဆုံး

ယင်းကားတန်းသည် ကျုံဒိုးမြို့ဘက်သို့ တပ်အင်အားဖြည့်ဆည်းရန်တက်လာခြင်းဖြစ်ပြီး ယာဥ်တန်းဆီက ပစ်ခတ်လိုက်သည့် ကျည်ကြောင့် ကျုံဒိုးမြို့မရောက်ခင် ဖားအံမြို့နယ် ဂျိုင်းဒေသအနီးရှိ မြေနီကုန်း ရိုးမဟာကျေးရွာနေ ကလေးတစ်ဦးကျည်မှန်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကားတန်းကပစ်လိုက်သည့်ကျည်ထိပြီး ကလေးငယ်တစ်ဦးသေဆုံး
စစ်ကောင်စီကားတန်းကပစ်လိုက်သည့်ကျည်ထိပြီး ကလေးငယ်တစ်ဦးသေဆုံး

ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကားတန်းကနေ ပစ်ခတ်လိုက်သည့် သေနတ်ကျဉ်ထိကာ အနီးရှိကျေးရွာအတွင်းမှာ ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကားတန်းသည် ကျုံဒိုးမြို့ဘက်သို့ တပ်အင်အားဖြည့်ဆည်းရန်တက်လာခြင်းဖြစ်ပြီး ယာဥ်တန်းဆီက ပစ်ခတ်လိုက်သည့် ကျည်ကြောင့် ကျုံဒိုးမြို့မရောက်ခင် ဖားအံမြို့နယ် ဂျိုင်းဒေသအနီးရှိ မြေနီကုန်း ရိုးမဟာကျေးရွာနေ ကလေးတစ်ဦးကျည်မှန်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်တွင် အခင်းဖြစ်ပွားရာနေရာ၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ယခုကဲ့သို့ဖြစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။

” ကားပေါ်ကနေ ရမ်းပစ်လိုက်လို့ ကလေးတစ်ယောက်ထိပြီး သေသွားတယ်။ ဆေးရုံတောင် မရောက်လိုက်ဘူး” ဟု ဒေသခံများက ပြောသည်။

လတ်တလော စစ်ရေးတင်းမာမှုများရှိနေသည့် ကရင်ပြည်နယ် ကျုံဒိုး၊ ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ မြ၀တီ ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသောကြောင့် အရပ်သားပြည်သူ အသက်အိုးအိမ်ပစ္စည်းများ ထိခိုက်မှုရှိနေပြီး ဒေသခံပြည်သူများစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။

ယခုနှစ် (၂၀၂၃)ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများပြားလာခဲ့ပြီး ထိခိုက်သေဆုံးဒဏ်ရာရသူများထဲတွင် ကလေးဦးရေပါဝင်လာမှု တိုးမြင့်လာခဲ့သည်ဟု ကရင်အရပ်ဘက်အဖွဲ့၏ ပြောဆိုချက်အရ သိရသည်။