Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေး နေရာတိုင်းမှာ စစ်ရေးအရှိန်မြှင့်ဖို့ ထန်တလန် CDF တောင်းဆို

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နေရာအသီးသီးမှာ စစ်ရေးအရှိန်မြှင့်တိုက်ခိုက်ဖို့ ထန်တလန်မြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို တောင်းဆိုလိုက်ပါတယ်။ ထန်တလန်မြို့နယ် ခွာဖိုရွာကို စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်မှာ လေကြောင်းတိုက်ခိုက်မှုအပြီး အခုလိို တောင်းဆိုလိုက်တာပါ။ စစ်ကောင်စီအနေနဲ့ သူရဲဘောကြောင်ခြင်းမရှိဘဲ သတ္တိရှိပါက အများပြည်သူထိခိုက်နိုင်ခြင်းမရှိတဲ့ ဘယ်နေရာဒေသမှာမဆို တိုက်ပွဲဖော်ဆောင်ဖို့ စိန်ခေါ်တယ်လို့ ထန်တလန် CDF က ပြောပါတယ်။ ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိနိုင်ဖို့ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်လာမှာဖြစ်လို့ ပြည်တွင်း၊ ပြည်ပနေ ပြည်သူများအနေနဲ့ တော်လှန်ရေးကို အရင်ကထက် ပိုမိုအားပေးဖို့၊ အတူတကွ တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ပါတယ်။

(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling)
(ခွာဖိုရွာ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူများအား သဂြိုလ်နေစဥ်။ ဓာတ်ပုံ -Salai Tial Hram Ling)

▪️ဂန့်ဂေါနယ် ကန်ရွာရဲစခန်းကို PDFများစီးနင်းတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကန်ရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စခန်းကိုအပြည့်အဝမသိမ်းနိုင်ခဲ့ဘဲ စခန်းထက်ဝက်ကျော်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့​​တယ်လို့ PDF များက ပြောပါတယ်။ ဂန့်​ဂေါမြို့နဲ့ ၂၇ ဝန်းကျင်ကွာ​ဝေး​တဲဲ့ ကန်ရွာရှိ စစ်ကောင်စီရဲ့ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မနေ့က မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စခန်းရှိ ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းသေဆုံးခဲ့တာကို ရုပ်အလောင်းများမျက်မြင်တွေ့ခဲ့ရတယ်လို့ PDF များက ပြောပါတယ်။

(ဂန့်​ဂေါမြို့နယ် ကန်ရွာကိုGoogle Map တွင်​တွေ့ရမှု)
(ဂန့်​ဂေါမြို့နယ် ကန်ရွာကိုGoogle Map တွင်​တွေ့ရမှု)

▪️မင်းတပ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နှစ်လအတွင်း အရပ်သား ၄ ဦးသေ

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က မနေ့က ထုတ်ပြန်ပါတယ်။ မတ်လနဲ့ ဖေဖော်ဝါရီအတွင်း မင်းတပ် CDF နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုအခြေအနေကို ဖော်ပြခဲ့တာပါ။ ဖေဖော်ဝါရီအတွင်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ၂၃ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ရှစ်ဦး ဒဏ်ရာရခဲ့ကာ သေဆုံးသူ ၄ ဦးရှိခဲ့တာလိို့ ဆိုပါတယ်။ မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ရပါတယ်။

▪️အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂)စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီလက်‌အောက်ခံ ရဲနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Yangon UG Association တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။ စစ်ဆင်ရေးကို ဒီနေ့ မနက်ပိုင်းက YUA ရဲ့ တတိယမြောက် အသက်လျော်ကြေးစစ်ဆင်ရေးအနေနဲ့ God’s Hand Forces (GHF) အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းတယ်လို့သိရပါတယ်။

အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်
အောင်မင်္ဂလာအဝေးပြေးကားကွင်း အမှတ်(၂) စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်

▪️ဒီပဲယင်းအနောက်ခြမ်း စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဥ် Mi-35 နဲ့ ပစ်ခတ်နေလို့ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဲ့အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ပါတယ်။စစ်ကောင်စီတပ်ဟာ မတ်လ ၂၇ ရက်ကစလို့ ဘုတလင်မြို့မှ အင်အား ၁၂၀ ခန့်နဲ့ ထွက်လာပြီး စိုင်ပြင်-ဒီပဲယင်း လမ်းတစ်လျှောက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာအထက်ရှိ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတဲ့အပြင် စစ်ကြောင်းနဲ့ပါလာတဲ့ ဘူဒိုဇာ နှစ်စီးနဲ့ လမ်းမများကိုပါ ဖျက်ဆီးနေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းနေ ပြည်သူများ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

▪️ထီးချိုင့်နယ် လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာကို စစ်ကောင်စီတပ်က မနေ့က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၉ ဦး ထိခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦးနဲ့ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ရာ ဒီနေ့ မနက်ပိုင်းမှာ ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့တာလို့ ဒေသခံက ပြောပါတယ်။ မနေ့က အင်ဒေါင်းရွာ အပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနဲ့ ဆပ်ပြေးရွာတွေကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်ပျက်စီးမှုများ ရှိခဲ့တယ်လို့ Tigyaing Revolution က ဖော်ပြပါတယ်။

(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ - CJ)
(ထီးချိုင့်နယ် အင်ဒေါင်းရွာအပြင် မြို့နယ်အတွင်းရှိ ပေါက်ကုန်းရွာနှင့် ဆပ်ပြေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ ဓာတ်ပုံ – CJ)

▪️ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း စစ်ရေးတင်းမာနေလိို့ ဖြတ်သန်းခွင့် ယာယီပိတ်

တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးပြင်းထန်နေလို့ လမ်းပိုင်းကို ယာယီဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က အသိပေး ထုတ်ပြန်ပါတယ်။ အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းအပြင် စစ်ယာဥ်တန်းနဲ့ပါ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လမ်းသွားလမ်းလာ ပြည်သူများကို ပစ်ခတ်ဖမ်းဆီးခြင်းများ ရှိနေတယ်လို့ဆိုပါတယ်။ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ် ရေးလမ်းပိုင်းဖြတ်သန်းသွားလာခွင့်ကို မနေ့ကစလို့ ယာယီပိတ်လိုက်တယ်လို့ မြိတ်ခရိုင် PDF တပ်ရင်း(၂)က အသိပေးပါ တယ်။