Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးရွာကိုစစ်တပ်က ​ပေါင် ၅၀၀ ဗုံးနှစ်လုံးကျဲ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းNUG လက်နက်ကျွမ်းကျင်သူ​ပြော

People’s Spring သတင်းဌာနက A5 လေယာဉ်မှ တိုက်ခိုက်ခဲ့သည့် အကြိမ်အရေအတွက်ကို မေးမြန်းရာ ခန့်မှန်းခြေ ၆ခေါက်ရှိသည်ဟု ကိုမင်းမင်းက ပြောသည်။

(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)
(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)

▪︎တရုတ်နိုင်ငံထုတ်A-5တိုက်​လေယာဥ်ကိုလည်းအသုံးပြုခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင်YAK-130ဂျက်​လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့သလို တရုတ်နိုင်ငံထုတ် A5 Jet Fighter ကိုလည်း အသုံးပြုခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ လက်နက်ခဲယမ်းကျွမ်းကျင်သူ ကိုမင်းမင်းက ပြောသည်။

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းစာရှင်းလင်းပွဲယနေ့ ပြုလုပ်ခဲ့ရာ နောက်ဆုံးရ သေဆုံးသူများစာရင်းတွင် အသက် ၅ နှစ်အောက်မှ အသက်ခွဲခြားမရသော လူကြီးပိုင်းအထိ စုစုပေါင်း ၁၆၈ ဦး ရှိကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို NUG ကာကွယ်ရေးနှင့် ကျန်းမာရေး ဆေးတပ်ဖွဲ့များက ကုသပေးနေကြောင်းနှင့် နောက်ဆုံးရ စာရင်းအရ အကြီးစားကုသမှုခံယူနေရသူအပါအဝင် ဒဏ်ရာရရှိသူ ၁၆ ဦး ရှိသည်ဟု NUG က ဖော်ပြသည်။

(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် စစ်ကောင်စီတပ်သည် ပဇီကြီးကျေးရွာကို လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ရာ ပထမတစ်ကြိမ်တွင် Yak-130 တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ပြီး ဒုတိယအကြိမ်တွင် Mi-35 ရဟတ်ယာဥ်ဖြင့် S5 Rocket နှင့် ၃၀ မီလီမီတာ အရွယ်အစားစက်အမြှောက်တို့ကို အသုံးပြုပစ်ခတ်ခဲ့ကြောင်း လက်နက်ကျွမ်းကျင်သူ ကိုမင်းမင်းက ရှင်းလင်းသည်။ ​နောက်ဆုံးအကြိမ်တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံထုတ် A5 Jet Fighter ဖြင့် 23မီလီမီတာ အရွယ်အစားစက်အမြှောက် အသုံးပြုကာ ၆ ကြိမ်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)
(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)

“ဒီနေရာမှာဆိုရင် ပေါင် ၅၀၀ ဗုံးကျတဲ့ သရုပ်ကိုဖော်ပြထားတာဖြစ်တယ်။ အခုကြည့်မယ့် 50m diameter မှာဆိုရင် ပေါက်ကွဲဧရိယာ အနီရောင် ဧရိယာလို့ ခေါ်လို့ရတယ်။ ဒီနေရာမှာ ရှိတဲ့ လူပဲဖြစ်ဖြစ် အရာဝတ္တုတွေပဲ ဖြစ်ဖြစ်၊ ခန္ဓာကိိုယ်အစိတ်အပိုင်းတွေက တစစီ လွင့်စင်ပြတ်တောက်သွားမှာဖြစ်တယ်။ ဒီနေရာမှာ ပေါင် ၅၀၀ ဗုံးသုံးမယ်ဆိုတာကို ခန့်မှန်းလို့ရတာဖြစ်တဲ့အတွက် ပေါင် ၅၀၀ ဗုံးမှာ ပါဝင်တဲဲ့ ယမ်းပမာဏအတိုင်း ထိရောက်မှုကို ကျွန်တော်တို့ ပြောပြမှာဖြစ်တယ်။ ပထမဆုံး အနီရောင် ဧရိယာမှာတော့ ပေါင် ၅၀၀ ဗုံးသာကြဲခဲ့ရင် အဲဒါရဲ့ အချင်းဝက်ပတ်ချာလည် ၂၅ မီတာ ပတ်ဝန်းကျင်မှာ သက်ရောက်မှုရှိမယ်။ ဖိအားနိမ့်ဧရိယာသည် ဖိအားမြင့် ဧရိယာနဲ့ ၁၀ မီတာအကွာအဝေးမှာကို ဖိအားနိမ့်ဧရိယာလို့ သတ်မှတ်တယ်။ ဒီနေရာကို အစအနများဖြစ်စေနိုင်သော ဧရိယာကို ဗဟိုချက်နဲ့ အချင်းဝက် ၁၂၀ မီတာဝန်းကျင်ခန့်မှာ ရှိတဲ့နေရာတွေကို အစအနများလွင့်စင်မယ်” ဟု ကိုမင်းမင်းက ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် Mi-35 ဖြင့် ၃၀ မီလီမီတာ အရွယ်အစားစက်အမြှောက်အသုံးပြု ပစ်ခတ်မှုတွင် ယင်း ၃၀ မီလီမီတာ အရွယ်အစားစက်အမြှောက်မှာ အရာဝတ္ထုများကို ဖျက်ဆီးရန် ရည်ရွယ် ထုတ်လုပ်ထားပြီး ပဇီကြီးရွာတွင် စစ်ကောင်စီတပ်က ပြည်သူများရှိနေသည့် နေရာများကို ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ကို တွေ့ရကြောင်း ကိုမင်းမင်းက ရှင်းလင်းသည်။

(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)
(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)

“အဲဒီတော့ လူတွေကို ထိမှန်တဲ့အခါ ခြေလက်တွေက လုံးဝပြတ်ထွက်သွားတွေ ဖြစ်နိုင်တယ်တယ်။ မြေပြင်ကခန္ဓာကိုယ်တွေ၊ အလောင်းတွေကို ကြည့်တဲ့အခါမှာလည်း ဒီအချက်အလက်တွေကို သွားတွေ့ရှိရတာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ် အသုံးပြုခဲ့သည့် တိုက်လေယာဉ်များထဲ၌ တရုတ်နိုင်ငံထုတ် A5 အမျိုးအစား တိုက်လေယာဉ်လည်း ပါဝင်ကြောင်း မြေပြင် အချက်အလက်များအပေါ်မူတည်ပြီး ၎င်းက သုံးသပ်ပြောကြားသည်။

“နောက်ဆုံးအသုံးပြုသွားတဲ့ လေယာဉ်က A5 ဖြစ်တယ်လို့ မြေပြင်သတင်းအချက်အလက်အရ သိရှိရတယ်။ A5ကတော့ တရုတ်နိုင်ငံက ထုတ်တဲ့ အမျိုးအစားဖြစ်တယ်။ သူ့ကတပ်ဆင်အသုံးပြုလေ့ရှိတဲ့ လက်နက်တွေကတော့ ၂၃ မီလီမီတာ စက်အမြောက်နဲ့ ၁၃၀ မီလီမီတာ Rocket တပ်ဆင်အသုံးပြုလေ့ရှိတယ်။ မြေပြင်တွေ့ရှိချက်များအရတော့ ၂၃ မီလီမီတာ စက်အမြောက်အသုံးပြုသွားတာကိုတော့ အတည်ပြုလို့ရတယ်” ဟု ကိုမင်းမင်းက ပြောသည်။

ထို့ပြင် စက်သေနတ်များလည်း ပစ်ခတ်သွားသည်ဟု တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

People’s Spring သတင်းဌာနက A5 လေယာဉ်မှ တိုက်ခိုက်ခဲ့သည့် အကြိမ်အရေအတွက်ကို မေးမြန်းရာ ခန့်မှန်းခြေ ၆ခေါက်ရှိသည်ဟု ကိုမင်းမင်းက ပြောသည်။

(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)
(စစ်​ကောင်စီတပ်က ပဇီကြီးရွာကို ​လေကြာင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုထား​သော လက်နက်ခဲယမ်းနှင့် ကျည်ခွံများ။ ဓါတ်ပုံ-NUG)

“မြေပြင်တာဝန်ရှိသူတွေ ပြောကြားချက်အရတော့ နောက်ဆုံးပစ်ခတ်မှု ဖြစ်စဉ်မှာ A5လေယာဉ်နဲပုံသဏ္ဍန်တူ အလားအလာတူ ဥစ္စာလာပစ်သွားတယ်လို့ ပြောကြားသိရှိရတယ်။”ဟု ၎င်းက ဆိုသည်။

ဆလက်လက်၍ ကိုမင်းမင်းက “တတိယ အကြိမ်တိုက်ခိုက်မှုကကျတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတာ ဖြစ်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ နှောင့်နှေးအောင်လို့ လာတိုက်ခိုက်တယ်လို့ ယူဆရတယ်။” ဟု ပြောပြသည်။

YAK-130 တိုက်​လေယာဥ် နှင့် Mi- 35 ရဟတ်ယာဥ်များမှာ ရုရှားနိုင်ငံထုတ်ဖြစ်ပြီး A-5 ဂျက်တိုက်​လေယာဥ်မှာ တရုတ်နိုင်ငံထုတ်ဖြစ်သည်။ ထို​ကြောင့် စစ်​ကောင်စီက ​ပဇီကြီးရွာကို ရုရှားနိုင်ငံထုတ်နှင့် တရုတ်ထုတ် တိုက်​လေယာဥ်များ၊ရဟတ်​ယာဥ်များအသုံးပြုခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်မှုမှာပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီတွင် ဧပြီ ၁၃ ရက်က အ​ရေး​ပေါ်တခါးပိတ်​ဆွေး​နွေးပြီး ကန့်ကွက်ရှုတ်ချ​ကြောင်းထုတ်ပြန်ရန် ဗြိတိန်နိုင်ငံကအဆိုပြုဦး​ဆောင်​​ဆွေး​နွေးမှုမှာလည်း ​ကောင်စီတွင် ဗီတိုအာဏာကိုင်​ဆောင်ခွင့်ရရှိထား​သော ရုရှားနှင့် တရုတ်နိုင်ငံတို့ကပင် ကန့်ကွက်သဖြင့် အထမမြောက်ခဲ့​ခြင်းဖြစ်​ကြောင်းနိုင်ငံတကာသတင်းဌာနများက​ဖော်ပြသည်။

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်ကို NUG က ပြည်ထောင်စုအဆင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်တစ်ရပ်ဟု ရှုမြင်ကာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ကြီးကြပ်ကွပ်ကဲမှု၊ စစ်ကိုင်းတိုင်း အတွင်းရှိ တာ၀န်ခံအသီးသီး၏ စီမံခန့်ခွဲမှုဖြင့် ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်နေကြောင်း ယနေ့ထုတ်ပြန်သည်။

NUG သည် ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်ဆောင်ရွက်ရန် ကိစ္စရပ်များအတွက် လုံလောက်သော ဘဏ္ဍာငွေလျာထားကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသလို ရရှိလာသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ IIMM၊ UN Speical Rapporteur နှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့အကြောင်းကြားနေသည်ဟု ဖော်ပြသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုကပဇီကြီးရွာတွင် ကျူးလွန်ခဲ့သော အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေးကိုတစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားမည်ဟု NUG က ထုတ်ပြန်သည်။