Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖောင်းပြင်တွင်ပျူစခန်းများကိုPDFများ နှစ်ရက်ဆက်တိုက်ခိုက်

ထို့အပြင်ယနေ့( ဧပြီလ ၂၉ ရက်)နံနက်၅နာရီခန့်တွင်လည်းဟုမ္မလင်းနှင့်ဖောင်းပြင်နယ်စပ်ရှိ ပျူစောထီးများ တပ်စွဲထားသော စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကထပ်မံ တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဖောင်းပြင်တွင်ပျူစခန်းများကိုPDFများ နှစ်ရက်ဆက်တိုက်ခိုက်
ဖောင်းပြင်တွင်ပျူစခန်းများကိုPDFများ နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်‌ရေးမဟာမိတ်တပ်ဖွဲ့က နှစ်ရက်ဆက်တိုက်ခိုက်ခဲ့​ကြောင်း ​​​ဒေသခံနှင့် ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်ပျူစောထီး (၇) ဦးထက်မနည်းသေပြီး စစ်ကောင်စီကလေကြောင်းမှလာရောက်ပစ်ခတ်ခဲ့ကြောင်း​သိရသည်။

ဖောင်းပြင်မြို့နယ် ၊ဆယ်ချောင်းရွာရှိ ပျူစောထီး စခန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ပူးပေါင်းမဟာမိတ်များက ယမန်​နေ့(ဧပြီ ၂၈ရက် )နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက​ပြောသည်။တိုက်ပွဲတွင် ပျူစောထီး ခုနှစ် ဦးထက်မနည်းသေဆုံးပြီး သေနတ် ငါးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပျူ​စောထီးများ​သေဆုံးမှု အ​​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement
Public Service Announcement

ထို့အပြင်ယနေ့( ဧပြီလ ၂၉ ရက်)နံနက်၅နာရီခန့်တွင်လည်းဟုမ္မလင်းနှင့်ဖောင်းပြင်နယ်စပ်ရှိ ပျူစောထီးများ တပ်စွဲထားသော စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကထပ်မံ တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။

“မြေပြင်တိုက်ပွဲပြင်းထန်တယ်။မနက် ၈နာရီ ၇ မိနစ်မှာ တံတားဦးလေဆိပ်ကနေ ဂျက်ဖိုက်တာတက်ပြီး ၈ နာရီ ၂၇ မိနစ်မှာ ဖောင်းပြင်မြစ်ကမ်းဘေးကို ဗုံးကြဲသွားတယ်”ဟု ‌ဖောင်းပြင်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ယနေ့တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူမသိရသေး‌ပေ။