Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်း – ကရင်နီဒေသအစပ် မြောက်စလုံးရွာတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ ဆုတ်ခွာသွား

ဧပြီ ၂၅ရက်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မြောက်စလုံးကျေးရွာမှ တောင်မဲသင်းကျေးရွာဖက်သို့ဆုတ်ခွာ၍တပ်စွဲထားပြီး လက်ရှိချိန်ထိ ကရင်နီတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း KNDFက အသိပေးထားသည်။

(Karenni Generation Zမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်။ ဓာတ်ပုံ - Karenni Generation Z )
(Karenni Generation Zမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်။ ဓာတ်ပုံ - Karenni Generation Z )

ရှမ်း – ကရင်နီဒေသအစပ် မြောက်စလုံးကျေးရွာတွင် သေဆုံးနေသော စစ်ကောင်စီတပ်သားအလောင်းများလာကောက်သည့် စစ်ကောင်စီတပ်ပါ အထိနာ၍ ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း Karenni Generation Z တပ်ဖွဲ့က ထုတ်ပြန်သည်။

ဧပြီ ၂၄ ရက်က ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ကြားရှိ မြောက်စလုံးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှာ အထိနာသေဆုံးမှုများခဲ့သည်ဟု ဆိုသည်။

ထို့နောက် မြောက်စလုံးရွာရှိ စစ်ကောင်စီတပ်များ၏ သေဆုံးသွားသောအလောင်းများနှင့် တပ်ဆုတ်ရန်ပစ္စည်းများကို ကင်တာကား နှစ်စီးဖြင့် စစ်ကောင်စီတပ်ကလာရောက် သယ်ယူခဲ့သည်။

“တောင်မဲသင်းဘက်ကနေ လာမယ်ဆိုတာ သတင်းပေးကနေတဆင့် အတိအကျသိရပြီး စစ်ကူလာတဲ့ စကစတပ်ကို ဒရုန်းတွေနဲ့ တိုက်တာ။အသက်လုပြီးပါ ပြေးသွားကြရတယ်”ဟု KGZ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ်ရှိ မြောက်စလုံးကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဧပြီ ၂၄ရက် နံနက်ပိုင်းတွင် KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း(၂) ၊ ကရင်နီတပ်ပေါင်းစု၊လKGZ ၊ KRUနှင့် URFတို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ချေမှုန်းတိုက်ခိုက်ခဲ့သည်။

အဆိုပါ ချေမှုန်းရေးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ဦးနှင့်အထက် သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၂)လက် ၊ MA-4 ၇၉တွဲ (၁)လက် ၊ MG-3 (၁)လက် ၊ RPG 7 (၁)လက် ၊ 60MM စိန် ပြောင်း (၁)လက် ၊ ဆက်သွယ်ရေးစက် (၂)လုံးနှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း KNDF B/11မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးခဲ့ရသည်။

ဧပြီ ၂၅ရက်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မြောက်စလုံးကျေးရွာမှ တောင်မဲသင်းကျေးရွာဖက်သို့ဆုတ်ခွာ၍တပ်စွဲထားပြီး လက်ရှိချိန်ထိ ကရင်နီတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း KNDFက အသိပေးထားသည်။