Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ ကျိုက်ထိုမြို့အတွင်း စစ်ကောင်စီနှင့်ဆက်စပ်သည့်နေရာများ ရှောင်ရှားကြရန် KRF သတိပေး

မကြာသေးမီရက်ပိုင်ကပင် ကျိုက်ထိုမြို့ရှိ ကင်မွန်း ချောင်းရဲစခန်းနှင့် ဘီလင်း​မြို့နယ်ရှိ သံတံတား ကင်းစခန်းကို KRFက တိုက်ခိုက်ခဲ့သေးသည်။

စစ်ရေးအရှိန်မြှင့်မည်ဖြစ်သောကြောင့် ကျိုက်ထိုမြို့အတွင်း စစ်ကောင်စီနှင့်ဆက်စပ်သည့် နေရာများ ရှောင်ရှားကြရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က သတိပေး ပြောကြားသည်။

ယနေ့(မေလ ၁ရက်)ကစတင်၍ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အဆောက်အဦးများနှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့များ နေထိုင်နာခိုးရန် ခွင့်ပြုပေးထားသော တည်ခိုးခန်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ နှင့် စစ်ကောင်စီတပ်ရှိနေသည့် နေရာများနှင့် ရှောင်ရှားနေထိုင်ပေးကြရန် အသိပေးခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“အဓိကတော့ ပြည်သူလူထု မထိခိုက်စေဖို့ ကြိုတင်တိုက်တွန်းတာဖြစ်တယ်။ဒါကိုလည်း မဖြစ်မနေသတိပြု နေထိုင်ဖို့နဲ့ မြို့နေပြည်သူတွေအနေနဲ့ ပူးပေါင်းဖို့တိုက်တွန်းတယ်”ဟု KRF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီနဲ့ ဆက်စပ်၍ ရှောင်ရှားနေထိုင်ခြင်း မပြုပါက ဖြစ်ပေါ်လာသောအကျိုးဆက်များကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)အနေဖြင့် လုံးဝတာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မကြာသေးမီရက်ပိုင်ကပင် ကျိုက်ထိုမြို့ရှိ ကင်မွန်း ချောင်းရဲစခန်းနှင့် ဘီလင်း​မြို့နယ်ရှိ သံတံတား ကင်းစခန်းကို KRFက တိုက်ခိုက်ခဲ့သေးသည်။