Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကရင်နီပြည်တိုက်ပွဲ​ပေါင်း ၆၆၀​ ကျော်မှာ စစ်ကောင်စီတပ်သား ၂,၀၀၀ ခန့်​သေဟု PKPF ထုတ်ပြန်

ကရင်နီပြည်နယ်မှာ စစ်​တပ်အာဏာသိမ်းပြီး​နောက် ၂ နှစ်ကျော်အတွင်း တိုက်ပွဲ​ပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂,၀၀၀ နီးပါး သေဆုံးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစုPKPF က ဒီနေ့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ဧပြီလကုန်အထိ ၂၇ လအတွင်း ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှု များကို PKPF က ပြုစုထားတာပါ။ မိုးဗြဲ၊ဖယ်ခုံမြို့နယ် တို့အပါအဝင် ကရင်နီ ပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA နဲ့ PDF တပ်ဖွဲ့ဝင် ၂၅၉ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်သား ၁,၉၉၅ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

(ကရင်နီပြည်တိုက်ပွဲများတွင် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / ကရင်နီစစ်​ဘေး​ရှောင်အချို့ နှင့် စစ်တပ်က စစ်​ဘေး​ရှောင်စခန်းကိုဗုံးကျဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-KNDF ၊Karanni Voice ၊ကရင်နီစစ်​ဘေး​ရှောင်ကူညီ​ရေးကွန်ယက်)
(ကရင်နီပြည်တိုက်ပွဲများတွင် စစ်တပ်မှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / ကရင်နီစစ်​ဘေး​ရှောင်အချို့ နှင့် စစ်တပ်က စစ်​ဘေး​ရှောင်စခန်းကိုဗုံးကျဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-KNDF ၊Karanni Voice ၊ကရင်နီစစ်​ဘေး​ရှောင်ကူညီ​ရေးကွန်ယက်)

▪️KNUနယ်မြေကို သုံးလအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု အကြိမ်ရေ ၅၅၀ ကျော်ကျူးလွန်

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို KNUက ဒီနေ့ ထုတ်ပြန်ခဲ့ရာ ဒီနှစ် ဇန်နဝါရီမှ မတ်လကုန်အထိ သုံးလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း ၆၂၈ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီလို့ လူ့အခွင့်အရေး ချိုးဖောက်မှုများအနက် ဒေသခံရွာသားများကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်များကို ဖော်ပြခဲ့ရာ လေယာဉ်နဲ့တိုက်ခိုက်မှု ၁၁၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၃၈ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦးသေဆုံးခဲ့ရပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၅ ဦး သေဆုံးကာ ပြည်သူ ၁၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ်
KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ်

▪️ရှမ်းနီလူငယ်သုံးဦးကို ရှမ်းနီတပ်ဖွဲ့(SNA) သေနတ်နဲ့ပစ်၊ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီတိုင်းရင်းသားလူငယ်သုံးဦးကို စစ်ကောင်စီလက်အောက်ခံရှမ်းနီတပ်ဖွဲ့ (SNA )က သေနတ်နဲ့ ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံများကပြောပါတယ်။ ဟုမ္မလင်းမြို့၊ နောင်ပိုအောင်ရွာအနီးမှာ ဧပြီ ၂၉ ရက်ညက ဆယ်ကျော်သက်လူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် SNA တပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ SNA ဟာ စစ်ကောင်စီနဲ့ပူးပေါင်းကာ ဟုမ္မလင်းမြို့အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ် ထိစပ်ဒေသများမှာ ​PDF များကိုတိုက်ခိုက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး အကြမ်းဖက်ခြင်းများ မကြာခ ဏပြုလုပ်နေ​တယ်လို့ ဒေသခံများက​ပြောပါတယ်။

(စစ်​ကောင်စီနှင့်ပူး​ပေါင်း​နေ​သော ရှမ်းနီတပ်ဖွဲ့(SNA) မှ တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-Shannivoice)
(စစ်​ကောင်စီနှင့်ပူး​ပေါင်း​နေ​သော ရှမ်းနီတပ်ဖွဲ့(SNA) မှ တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-Shannivoice)

▪️ကန့်ဘလူနယ်မှာ ငါးလအတွင်း မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင် ၆ဝ ကျော်ရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင် ငါးလခန့်အတွင်း မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူ ၆၀ ကျော်ရှိပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ ၂၀၂၂ နှစ်ကုန်ပိုင်းမှ ၂၀၂၃ ဧပြီအထိ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအထိရှိပြီး အချိန်မီကုသပေးနိုင်လို့ အများစုကို အသက်ကယ်တင်ခဲ့နိုင်ပေမယ့် အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦး အပါအဝင် ခြောက်ဦးမှာမူ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ ကလေးငယ်နှစ်ဦးမှာ လျှော်ဖြူကုန်းနဲ့ ဝက်သအင်းကျေးရွာမှ (၉)နှစ်ဝန်းကျင်အရွယ်များဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းကြောင့် တောတိုက်များအတွင်း တိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံရကာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

▪️ဖားကန့် အရပ်သားလူငယ်တစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် တံတားထိပ်မှာ အရပ်သားလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ သေဆုံးသူမှာ အရပ်သားလူငယ်ဖြစ်ပြီး သေနတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာ တွေ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသခံအရပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF တို့နဲ့ ဆက်နွယ်တယ်ဆိုကာ ဆက်တိုက်ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဒေသခံများက ပြောပါတယ်။

▪️မတ္တရာမြို့ခံလုပ်ငန်းရှင် ၃၀ ကျော်ထံ PDFအဖွဲ့အယောင်ဆောင်သူများက ခြိမ်းခြောက်ငွေတောင်းခံနေ

မန္တလေးတိုင်း၊ မတ္တရာမြို့ရှိ မြို့ခံလုပ်ငန်းရှင် ၃၀ ကျော်ထံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)အဖွဲ့ဆိုကာ အယောင်ဆောင်သူများက ခြိမ်းခြောက်ငွေတောင်းခံနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မတ္တရာမြို့မှာ PDFအယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ဖြစ်ပေါ်နေပြီး ပကဖနဲ့ ဒေသတွင်းPDFများအနေနဲဲ့ အဲဒီလို့ တောင်းခံခြင်းလုံးဝမရှိကြောင်း၊ ခြိမ်းခြောက်တောင်းခံ သူများရဲ့ အချက်အလက်များရရှိထားပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရေးကြိုးပမ်းနေရာ လုပ်ငန်းရှင်များအနေနဲ့ ငွေလွှဲပေးခြင်းများလုံးဝမပြုလုပ်ဖို့ မတ္တရာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အဖွဲ့က သတိပေးပါတယ်။

▪️ဟားခါးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ခုကို ချင်းတပ် တိုက်ခိုက်

ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့လာတဲ့ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ ဒေသခံချင်းကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ မနေ့ကနဲဲ့ ဒီနေ့ (မေလ ၁ရက်)မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောပါတယ်။ မနေ့က ကလေး-ဟားခါးလမ်းပိုင်း ချွန်ကျုံးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းမှ ကျန်နေတဲ့ တပ်များနဲ့ ချင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက် သုံးလက်ရရှိခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။ မနေ့ညက ဖြစ်ပွားခဲဲ့တဲ့ ချွန်ကျုံးရွာတိုက်ပွဲအတွင်း ချင်းတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စစ်ကောင်စီတပ်များဟာ သံချပ်ကာ ယာဉ်နှစ်စီးအပါအဝင် ထောက်ပို့ယာဉ် ၃၀ စီးခန့်နဲ့ ဟားခါးသို့ လာရောက်စဉ် ချင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သံချပ်ကာယာဉ်နှစ်စီးအပါအဝင် ယာဉ်အားလုံး ပျက်စီးသွားခဲ့ပါတယ်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Post)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – The Chin Post)