Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့ ဥရုချောင်းဘေးတိုက်ပွဲ စစ်ကောင်စီ‌တပ်သေဆုံးမှုများဟုဆို

တိုက်ပွဲသည် နေ့လယ် ၁၂နာရီ ၁၀မိနစ်တွင် စတင်ခဲ့ပြီး ‌နာရီဝက်ခန့်ကြာခဲ့သည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီဘက်က အထိအခိုက်စာရင်းကို လူထုနွေဦးအနေဖြင့် လတ်တလောမသိရ သေးပေ။

(ဖားကန့်မြို့ ဥရုချောင်းတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဖားကန့်မြို့ ဥရုချောင်းတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုချောင်းဘေးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDFပူးပေါင်းတပ်ဖွဲ့က ယနေ့(မေ ၂ရက်)နေ့လယ် ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ‌ဘက်မှ သေဆုံးမှုများပြားကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီစစ်ကြောင်းက သပြေခြံဘက်ကနေကျောက်စိမ်းတောင် ဥရုချောင်းပတ်လမ်းတိုင်းကုန်းကြောင်း လမ်းလျှောက်လာတာ။ပူးပေါင်းတပ်ဖွဲ့နဲ့ တွေ့ပြီး အပြန်အလှန်ပစ်ကြတာ”ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် နေ့လယ် ၁၂နာရီ ၁၀မိနစ်တွင် စတင်ခဲ့ပြီး ‌နာရီဝက်ခန့်ကြာခဲ့သည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီဘက်က အထိအခိုက်စာရင်းကို လူထုနွေဦးအနေဖြင့် လတ်တလောမသိရ သေးပေ။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်မှစတင်ကာ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မင်းမင်းကျော်ရေဆေးဆီလိုက်လမ်းဆုံကို ပိတ်ဆို့ထားပြီး လမ်းသွား၊လမ်းလာ အရပ်သားများကို ဖမ်းဆီးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဆိုက်ကယ်စီးလာသူရော၊ ကားတွေနဲ့လာသူတွေကိုရော ဖမ်းပြီး မင်းမင်းကျော်ရေးဆေးဆီလိုက်ထဲကိုခေါ်ထားတယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။