Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီတွင်အထိနာ​နေ​သော စစ်​ကောင်စီတပ်က လူထုကိုပစ်မှတ်ထားတိုက်ခိုက်မှုပိုလုပ်လာဟုKNDF ​ပြော

ချင်းပြည်နယ် ၊ကရင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း၊မ​ကွေးတိုင်းစ​သော စစ်ကာင်စီတပ်ကို ​ခုခံတွန်းလှန်မှု အား​ကောင်​​သော​ဒေသများတွင်လည်း စစ်တပ်က ပြည်သူလူထုအ​ပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများပြုလုပ်​နေသည်။

(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ်(ကယား)မြေပြင်တိုက်ပွဲများတွင် ​သေဆုံးထိခိုက်မှုများပြီးအထိနာ​နေ​သောစစ်ကောင်စီတပ်ကလူထုအပေါ်ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများဆက်တိုက်ကျူးလွန်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF တာဝန်ရှိသူက People’s Springသတင်းဌာနသို့ပြောသည်။

မတ်လဆန်းပိုင်းကစ၍ ကရင်နီ(ကယား)ပြည်နယ် ဒေသတွင်းသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကိုကရင်နီတပ်ပေါင်းစုကခုခံတိုက်ခိုက်နေပြီးတိုက်ပွဲအများစုတွင်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားနေသောကြောင့် လက်နက်ကြီးများ အပါအဝင်လေကြောင်းမှပစ်ခတ်မှုများအဆမတန် နေ့စဥ် ပြုလုပ်လာခြင်းဟု၎င်းကဆက်​ပြော သည်။

(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)
(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)

“ဒီလထဲမှာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ထိတွေ့မှုရှိတယ်။ အခုရက်တော့ ပြန် ငြိမ်နေတယ်။ဒါပေမယ့် တိုက်ပွဲမရှိဘဲ လူထု(စစ်ဘေးရှောင်ပြည်သူများ)ရှိရာ နေရာဖြစ်တဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းကို စစ် ကောင်စီဘက်ကလက်နက်ကြီးနဲ့ရော လေယာဥ်နဲ့ပါ ပစ်တယ်။ဒီနေ့မနက်ပိုင်းဆိုလည်း လက်နက်ကြီး နဲ့ပစ်တယ်။အဲဒီလိုမျိုးက အရင်ကလည်းရှိတယ်။ဒါပေမယ့် အခု နောက်ပိုင်းခပ်စိပ်စိပ်လုပ်နေတာ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၊လေယာဥ်ဖြင့် ပစ်ခတ်နေသည့် နေရာသည် KNDF တပ်ဖွဲ့မရှိကြောင်း ၎င်းကဆက်​ပြောသည်။

(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)
(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)

“အဲဒီနေရာတွေကတိုက်ပွဲလုံးဝမရှိဘူး။တကယ့်ပြည်သူလူထုတွေရှိတဲ့နေရာ။ပြောရမယ်ဆိုရင် ပြည်သူလူထုကိုပါသူတို့ရဲ့ ရန်သူသဖွယ်သတ်မှတ်လာတာ”ဟု KNDF တာဝန်ရှိသူက ရှင်းပြသည်။

၂၀၂၃ ဧပြီလကုန်ပိုင်းတွင် KNDF ၏ ထုတ်ပြန်ချက်အရစစ်ကောင်စီတပ်သည် စစ်မျက်နှာအသီးသီးတွင် ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသဖြင့် ဧပြီလအတွင်းလေကြောင်းဖြင့်၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သား(၁)ဦး သေဆုံးကာ (၅)​ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု​ဖော်ပြထားသည်။

ထို့အတူ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၁)ဦးသေဆုံးကာ(၆)ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီများ၏ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်ပြည်သူ(၁)ဦးသေဆုံးခဲ့​ကြောင်း​ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှု နှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ်ပေါင်း (၂၀)ကျော်ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံ နှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ (၂) ရုံ၊ ကျေးရွာ ဆေးပေးခန်း (၂) ခန်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့အတူ လက်နက်ကြီး ကျရောက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်း ပျက်စီးခဲ့သည်။

(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)
(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)

စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်စခန်းများနှင့် လူထုအခြေပြု ဆေးရုံ၊ ဆေးခန်းများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော် ပြသည်။

ကရင်နီပြည်နယ်တွင်လွိုင်ကော်မြို့နယ်၊ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များသို့စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်နေသည်မှာ နှစ်လကျော်ကြာမြင်လာခဲ့ ပြီဖြစ်သည်။

(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)
(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)

တိုက်ပွဲများပြင်းထန်ခဲ့​သောမတ်လအတွင်းထိတွေ့တိုက်ပွဲ ၁၀၂ ကြိမ်တွင် စစ်ကောင်စီတပ်သား ၂၈၁ ဦးသေဆုံးကာ အရှင် ၁၃ ဦး CDM တစ်ဦး အပါအဝင် လက်နက်ကြီးငယ် ၆၀ လက်ရရှိခဲ့သည်။ထို့အပြင်ဧပြီ လအတွင်း တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်သား ၇၀ ဦးထက်မနည်းသေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာလက်နက်ကြီး၊လက်နက်ငယ်၅၉လက်နှင့်ခဲယမ်းများစွာသိမ်းဆည်းနိုင်ခဲ့သည်။