Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကိုယ​နေ့နံနက်တွင် တစ်နာရီ​လေတိုက်နှုန်း အနိမ့်ဆုံး၁၁၁မိုင်မှ အမြင့်ဆုံး ၁၃၀မိုင်အတွင်းနှုန်းဖြင့်တိုက်ခတ်မည်ဟု အိန္ဒိယမိုးဇလခန့်မှန်း

အလွန့်အလွန်အား​ကောင်း​သောဆိုင်ကလုန်းမုန်တိုင်း မိုခ (မိုချာ)သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ မြောက်-အရှေ့မြောက်ဘက်သို့ အရှိန်တစ်နာရီ ၁၀ မိုင်နှုန်းဖြင့် ရွေ့လျား​နေပြီး စစ်​တွေမြို့ အ​​နောက်​တောင်ဘက်မိုင် ၁၃၀ အကွာပင်လယ်ပြင်သို့​ရောက်ရှိ​နေသည်။

မိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကိုယ​နေ့နံနက်တွင် တစ်နာရီ​လေတိုက်နှုန်း အနိမ့်ဆုံး၁၁၁မိုင်မှ အမြင့်ဆုံး ၁၃၀မိုင်အတွင်းနှုန်းဖြင့်တိုက်ခတ်မည်ဟု အိန္ဒိယမိုးဇလခန့်မှန်း
မိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကိုယ​နေ့နံနက်တွင် တစ်နာရီ​လေတိုက်နှုန်း အနိမ့်ဆုံး၁၁၁မိုင်မှ အမြင့်ဆုံး ၁၃၀မိုင်အတွင်းနှုန်းဖြင့်တိုက်ခတ်မည်ဟု အိန္ဒိယမိုးဇလခန့်မှန်း

မိုခါမုန်တိုင်းသည်ယ​နေ့ မနက်မနက်တွင် စစ်​တွေမြို့အနီးမှ အလွန့်အလွန်အား​ကောင်း​သောဆိုင်ကလုန်းမုန်တိုင်းအဖြစ်​တစ်နာရီ​လေတိုက်နှုန်း ၁၁၁မိုင်-၁၁၈မိုင်မှ အမြင့်ဆုံး ၁၃၀ မိုင်းအတွင်းဖြင့် ရခိုင်ကမ်းရိုးတန်းကိုဖြတ်​ကျော်တိုက်ခတ်နိုင်​ကြောင်း အိန္ဒိယမိုးဇလက ယ​နေ့ နံနက်ထုတ်ပြန်လိုက်သည်။

မိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကိုယ​နေ့နံနက်တွင် တစ်နာရီ​လေတိုက်နှုန်း အနိမ့်ဆုံး၁၁၁မိုင်မှ အမြင့်ဆုံး ၁၃၀မိုင်အတွင်းနှုန်းဖြင့်တိုက်ခတ်မည်ဟု အိန္ဒိယမိုးဇလခန့်မှန်း
မိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကိုယ​နေ့နံနက်တွင် တစ်နာရီ​လေတိုက်နှုန်း အနိမ့်ဆုံး၁၁၁မိုင်မှ အမြင့်ဆုံး ၁၃၀မိုင်အတွင်းနှုန်းဖြင့်တိုက်ခတ်မည်ဟု အိန္ဒိယမိုးဇလခန့်မှန်း

အလွန့်အလွန်အား​ကောင်း​သောဆိုင်ကလုန်းမုန်တိုင်း မိုခ (မိုချာ)သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ မြောက်-အရှေ့မြောက်ဘက်သို့ အရှိန်တစ်နာရီ ၁၀ မိုင်နှုန်းဖြင့် ရွေ့လျား​နေပြီး စစ်​တွေမြို့ အ​​နောက်​တောင်ဘက်မိုင် ၁၃၀ အကွာပင်လယ်ပြင်သို့​ရောက်ရှိ​နေသည်။ မုန်တိုင်းသည် မြန်မာနိုင်ငံ ​ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ​ကော့ဘဇာမြို့အကြား စစ်​တွေမြို့အနီးမှ ယ​နေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင်ညတစ်နာရီ​လေတိုက်နှုန်း ၁၁၁မိုင်-၁၁၈မိုင်မှ အမြင့်ဆုံး ၁၃၀ မိုင်းအတွင်း တိုက်ခတ်နိုင်​ကြောင်း အိန္ဒိယမိုးဇလ(IMD)က ယ​နေ့နံနက် ၅ နာရီတိုင်းထွာချက်များအရထုတ်ပြန်သည်။

အ​မေရီကန်​ရေတပ်၏ မုန်တိုင်း​စောင့်သတိ​ပေး​ရေးစင်တာဖြစ်​သော JTWC က မိုခါသည် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း၏ အမြင့်ဆုံး​လေတိုက်နှုန်း ၁၆၁ မိုင်သို့​ရောက်ရှိပြီး​နောက် ပြန်လည်ကျဆင်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်း ဖြတ်သန်းခါနီးတွင်​​လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၈ မိုင်မှ ၁၄၃ မိုင်းအတွင်းရှိမည်ဟုခန့်မှန်းထားသည်။သို့​သော် ကုန်းတွင်းပိုင်းဝင်ချိန်တွင် ​တောင်ကုန်များ၊​မြေပြင်အ​ခြေအ​နေများ​ကြောင့် ​လျော့ကျနိုင်သည်ဟုလည်း JTWC ခန့်မှန်းထားသည်။