Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင် အနီးစခန်းမှာ သစ်ပင်ပိလို့ အမျိုးသားတစ်ဦးသေဆုံး

မနက် ၈ နာရီခန့်က မိုးသည်းပြီး လေပြင်းတိုက်ချိန်မှာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးပေါ် သစ်ပင်ပိကျသွားတာလို့ တုသိတာလူမှုကူညီရေးအသင်းထံကသိရပါတယ်။

ပြင်ဦးလွင် အနီးစခန်းမှာ သစ်ပင်ပိလို့ အမျိုးသားတစ်ဦးသေဆုံး
ပြင်ဦးလွင် အနီးစခန်းမှာ သစ်ပင်ပိလို့ အမျိုးသားတစ်ဦးသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ နယ် အနီးစခန်း ရဲစခန်းရှေ့မှာ ဒီနေ့မနက်ပိုင်းက မိုးသည်းပြီးလေပြင်းတိုက်ချိန် သစ်ပင်လဲကျလို့အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

မနက် ၈ နာရီခန့်က မိုးသည်းပြီး လေပြင်းတိုက်ချိန်မှာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးပေါ် သစ်ပင်ပိကျသွားတာလို့ တုသိတာလူမှုကူညီရေးအသင်းထံကသိရပါတယ်။

“သစ်ပင်ကြီးကဆွေးပြီးခြောက်နေတာကြာပြီ လက်ဖက်ရည်ဆိုင်ကနေ လမ်းလျှောက်ထွက်လာတဲ့ အမျိုးသားပေါ်ကျသွားတာ”လို့ တုသိတာလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အသက် ၅၀ အရွယ် အဲဒီအမျိုးသား ဟာ အခင်းဖြစ်တဲ့နေရာမှာပဲ ဦးခေါင်းထိခိုက်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။အလောင်းကိုတော့ ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ပြင်ဦးလွင်မြို့နယ်မှာ လေပြင်းတိုက်ပြီး မိုးကြီးနေတယ်လို့သိရပါတယ်။