Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၀ ကျော်ရှိ၊ ရခိုင်မှ ၄၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း NUG ထုတ်ပြန်

မေလ ၁၇ရက်အထိ မိုခါကြောင့် သေဆုံးသူ ဦးရေနှင့် ထိခိုက်ပျက်စီးမှုစာရင်းများ၊ လူသားချင်း စာနာမှု အကူအညီ ပေးအပ်ထားမှုများကို NUG လူသားစာနာဘေးစီမံဝန်ကြီးဌာနက အသိပေးခဲ့ခြင်းဖြစ်သည်။

(NUG ပြုစုထား​သောစာရင်း/ စစ်​တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၄ ခုနှင့် ရွာ ၄ ရွာအတွက်ကူညီ​သောအဖွဲ့များ ​ကောင်ယူထား​သောစာရင်း)
(NUG ပြုစုထား​သောစာရင်း/ စစ်​တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၄ ခုနှင့် ရွာ ၄ ရွာအတွက်ကူညီ​သောအဖွဲ့များ ​ကောင်ယူထား​သောစာရင်း)

▪︎ရခိုင်ပြည်နယ်၌ နေအိမ်အဆောက်အဦး ပျက်စီးမှု အလွန်များပြီး ကျန်မြို့နယ် ၃၀ ကျော်မှ နေအိမ်အဆောက်အအုံ ၁၅၀၀ ကျော် ပျက်စီး

ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်မှ လူဦးရေ ၄၃၀ ကျော်အပါအဝင် နိုင်ငံတဝန်း၌ သေဆုံးသူ ၄၅၅ဦး ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ​ယမန်​နေ့ညတွင်ထုတ်ပြန်သည်။

မေလ ၁၇ရက်အထိ မိုခါကြောင့် သေဆုံးသူ ဦးရေနှင့် ထိခိုက်ပျက်စီးမှုစာရင်းများ၊ လူသားချင်း စာနာမှု အကူအညီ ပေးအပ်ထားမှုများကို NUG လူသားစာနာဘေးစီမံဝန်ကြီးဌာနက အသိပေးခဲ့ခြင်းဖြစ်သည်။

(NUG ပြုစုထား​သောစာရင်း/ စစ်​တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၄ ခုနှင့် ရွာ ၄ ရွာအတွက်ကူညီ​သောအဖွဲ့များ ​ကောင်ယူထား​သောစာရင်း)
(NUG ပြုစုထား​သောစာရင်း/ စစ်​တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၄ ခုနှင့် ရွာ ၄ ရွာအတွက်ကူညီ​သောအဖွဲ့များ ​ကောင်ယူထား​သောစာရင်း)

​မုန်တိုင်းကြောင့် ​မေ ၁၇ ရက်အထိ့ရရှိ​သောစာရင်းများအရရခိုင်ပြည်နယ်မှ ၄၃၁ ဦး အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ခုမှ လူဦးရေ ၄၅၅ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ်၏ သေဆုံးမှု အခြေအနေ အသေးစိတ် စာရင်းများ အတည်ပြုဆဲဖြစ်ကြောင်းလည်း​ဖော်ပြသည်။

စစ်​ကောင်စီကမူ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၂၁ ဦးသာပြီး နေအိမ်နှင့် သာသနိကဌာန စသည့် အဆောက်အအုံ ၁၂၀၀၀ ခန့် ပျက်စီးဆုံးရှုံးကြောင်း ​မေ ၁၇ တွင်ထုတ်ပြန်ထားသည်။

သို့​သော် စစ်​တွေမြို့နယ်တစ်ခုတည်းမှာပင် ​​သေဆုံးသူ ၄၀၀ ​ကျော်​ကြောင်း ​သေဆုံးသူများမှာ စစ်​တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများနှင့်ပင်လယ်ကမ်း​ခြေရှိ​ကျေးရွာများမှ ပြည်သူများဖြစ်​ကြောင်း ​မြေပြင်တွင် စာရင်း​ကောက်ယူ​နေ​​သောအဖွဲ့များက​ပြောသည်။

(NUG ပြုစုထား​သောစာရင်း/ စစ်​တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၄ ခုနှင့် ရွာ ၄ ရွာအတွက်ကူညီ​သောအဖွဲ့များ ​ကောင်ယူထား​သောစာရင်း)
(NUG ပြုစုထား​သောစာရင်း/ စစ်​တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၄ ခုနှင့် ရွာ ၄ ရွာအတွက်ကူညီ​သောအဖွဲ့များ ​ကောင်ယူထား​သောစာရင်း)

“၄၀၀ကို မကဘူးနော်။ ကျော်လာဦးမှာ ကျွန် တော်တို့က စာရင်းအသေးစိပ်ယူနေတာမို့လို့။ ကျွန် တော်တို့က ရွာတွေဆယ်နဲ့ချီထဲမှာ (၈)ခုပဲ သွားရသေးတာလေ။ အခုကျွန်တော်ပြောခဲ့တဲ့ မြေမြှပ် (၁၁၀)နဲ့ သေဆုံး(၁၃၀)နီးပါးဆိုတာက အဲဒီ(၈)ခုစာအတွက် စာရင်းအတိအကျပါ”ဟု​မုန်တိုင်းသင့်ပြည်သူများကိုသွား​ရောက်ကူညီ​နေသူက​ပြောသည်။

အဆိုပါစာရင်းများကို စစ်ကောင်စီကထိန်ချန်ထားသည်။ အဆိုပါ ဒုက္ခသည်စခန်းများသည် ၂၀၁၂ ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့အား ယခုအချိန်အထိ အသွားအလာကန့်သတ်ထားသကဲ့သို့ မုန်တိုင်း ဝင်ရောက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ကြိုတင်ပြင်ဆင်မှု သေချာစွာ ဆောင်ရွက်ပေးခဲ့ခြင်းမရှိ၍ သေဆုံးမှုများပြားခဲ့ရခြင်းဖြစ်သည်။

စစ်ကိုင်း ၊ မကွေး၊ ရန်ကုန်၊ ဧရာ၀တီ၊ မန္တလေး၊ ရှမ်း စသည် တိုင်းနှင့် ပြည်နယ်များ၌လည်း မုန်တိုင်းကြောင့် သေဆုံးမှုရှိခဲ့ပြီး မကွေးတိုင်းက ၁၅ဦး သေဆုံးခဲ့သည်ဟုသိရသည်။

(NUG ပြုစုထား​သောစာရင်း/ စစ်​တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၄ ခုနှင့် ရွာ ၄ ရွာအတွက်ကူညီ​သောအဖွဲ့များ ​ကောင်ယူထား​သောစာရင်း)
(NUG ပြုစုထား​သောစာရင်း/ စစ်​တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၄ ခုနှင့် ရွာ ၄ ရွာအတွက်ကူညီ​သောအဖွဲ့များ ​ကောင်ယူထား​သောစာရင်း)

နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှု အခြေအနေကို ထုတ်ပြန်ရာ ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ချင်း တို့မှ နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်သည် ထိခိုက်မှု များပြားလွန်းသည့် အတွက် စာရင်းကောက်ယူစုဆောင်းမှုများ ပြုလုပ်ဆဲဖြစ်ကြောင်း အသိ​ပေးထားသည်။

စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်မှ ထိခိုက်ပျက်စီးမှု အခြေအနေကို ဖော်ပြခဲ့ရာ ချင်းပြည်နယ် ၈မြို့နယ်မှ နေအိမ်အဆောက်အဦး ၁၄၂၈ လုံး၊ မကွေး ၁၁ မြို့နယ်မှ နေအိမ်အဆောက်အဦး ၉၁လုံး၊ စစ်ကိုင်း ၁၃မြို့နယ်မှ နေအိမ် အဆောက်အဦး ၄၉ လုံး ပျက်စီးခဲ့သည်ဟုဆိုသည်။

NUG ကလူသားချင်းစာနာ ကိစ္စရပ်များအတွက် ထောက်ပံ့မှုကိုလည်း ထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ်အတွက် ကနဦး ထောက်ပံ့ငွေ သိန်း ၁၃၀၊ ချင်းပြည်နယ်အတွက် သိန်းတစ်ရာ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ထိခိုက်လွယ်မိသားစု ၁၄၀ အတွက် ၇၆သိန်း၊ မကွေးတိုင်းအတွက် ကျပ်သိန်း ၁၉၀၊ စစ်ကိုင်းတိုင်းအတွက် ကျပ်သိန်း ၁၃၀ ကျော် နှင့် ရန်ကုန်တိုင်းမှ လေပြင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၁ဦးအတွက် ကျပ် တစ်သိန်း စုစုပေါင်း ကျပ်သိန်း ၆၅၀ နီးပါးကူညီပေးအပ်ခဲ့သည်ဟု​ဖော်ပြထားသည်။