Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကြောင့် ချင်းပြည် (၈)မြို့နယ်တွင် နေအိမ်အဆောက်အဦး ၁,၈၀၀ကျော် ပျက်စီးဟု ICNCC အသိပေး

မုန်တိုင်းကြောင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)ခုအနက် တွန်းဇံမြို့မှအပ ကျန်မြို့နယ် (၈)မြို့နယ်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး မတူပီမြို့နယ်တွင် နေအိမ်အဆောက်အဦး ၉၀၀ခန့်ဖြင့် အများဆုံး ပျက်စီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေ ၁၄ ရက်တွင် ဝင်ရောက်တိုက်ခတ်သည့် မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆတ္တားရွာမှ နေအိမ် ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဟားခါး စစ်ရှောင်ကော်မတီ
ပြီးခဲ့သည့် မေ ၁၄ ရက်တွင် ဝင်ရောက်တိုက်ခတ်သည့် မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆတ္တားရွာမှ နေအိမ် ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဟားခါး စစ်ရှောင်ကော်မတီ

ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုမှာ မေလ ၁၇ရက်အထိ လူနေအိမ်နှင့် အဆောက်အဦး စုစုပေါင်း ၁,၈၀၀ကျော်ရှိကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ထုတ်ပြန်သည်။

မုန်တိုင်းကြောင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)ခုအနက် တွန်းဇံမြို့မှအပ ကျန်မြို့နယ် (၈)မြို့နယ်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး မတူပီမြို့နယ်တွင် နေအိမ်အဆောက်အဦး ၉၀၀ခန့်ဖြင့် အများဆုံး ပျက်စီးခဲ့ခြင်းဖြစ်သည်။

မင်းတပ်နယ်တွင် အိမ်ခြေအဆောက်အဦး ၄၀၀ကျော်၊ ကန်ပက်လက်နယ်တွင် နေအိမ်အဆောက်အဦး ၁၁၀ကျော်၊ ပလက်၀နယ်တွင် ၂၂၀ကျော်၊ ဟားခါး၌ အိမ်ခြေ ၈၀ကျော်၊ ဖလမ်းတွင်လည်း အိမ်ခြေအဆောက်အဦး ၈၀ကျော် ပျက်စီးခဲ့သည်။ စုစုပေါင်း နေအိမ်အဆောက်အဦး ၁,၈၅၀ကျော် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အရေအတွက်မှာ မေလ ၁၇ ရက်အထိ ရရှိထားသည့် စာရင်းများဖြစ်ပြီး အရေအတွက် ပိုတိုးလာနိုင်သည်ဟု ဆိုသည်။

ပျက်စီးသွားသည့် လူနေအိမ်များနှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံများ၊ မိုးကာများနှင့် တာလပတ်များ၊ စပါးကျီပျက်စီးသွားသည့် ဒေသများတွင် ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ၊ အခြေခံအိမ်သုံးဆေးဝါးများ လိုအပ်လျက်ရှိပြီး ထောက်ပံ့ပေးလိုသည့် ပြည်တွင်း၊ပြည်ပ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ICNCCသို့ ဆက်သွယ်ထောက်ပံ့နိုင်ကြောင်း အသိပေးထားသည်။