Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်အကြား စစ်တွေမြို့အနီးကနေမုန်တိုင်းဖြတ်မယ်လို့ အိန္ဒိယမိုးဇလဆို

လက်ရှိမှာတော့ မုန်တိုင်းဟာ စစ်တွေမြို့ရဲ့ တောင် − အနောက်တောင်ဘက် မိုင် ၅၀၀ ကျော်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်လို့ အိန္ဒိယ မိုးဇလရဲ့ခန့်မှန်းချက်အရသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်အကြား စစ်တွေမြို့အနီးကနေမုန်တိုင်းဖြတ်မယ်လို့ အိန္ဒိယမိုးဇလဆို
ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်အကြား စစ်တွေမြို့အနီးကနေမုန်တိုင်းဖြတ်မယ်လို့ အိန္ဒိယမိုးဇလဆို

ဆိုင်ကလုန်းမုန်တိုင်းဟာ လာမယ့်တနင်္ဂနွေနေ့ ( မေလ ၁၄ ရက် ) နေ့လယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကြား စစ်တွေမြို့အနီးက ဖြတ်သန်းဝင်ရောက်မယ်လို့ အိန္ဒိယ မိုးဇလက ဒီနေ့ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

မုန်တိုင်းဖြတ်ကျော်ချိန်မှာ တစ်နာရီကို အမြင့်ဆုံးလေတိုက်နှုန်းဟာ ၁၀၈ မိုင်ခန့် ရှိမယ်လို့ အိန္ဒိယ မိုးဇလက ခန့်မှန်းပါတယ်။

လက်ရှိမှာတော့ မုန်တိုင်းဟာ စစ်တွေမြို့ရဲ့ တောင် − အနောက်တောင်ဘက် မိုင် ၅၀၀ ကျော်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်လို့ အိန္ဒိယ မိုးဇလရဲ့ခန့်မှန်းချက်အရသိရပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလ ကတော့ မုန်တိုင်းအရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၄၀ကနေ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ဆိုထားပါတယ်။

မုန်တိုင်းဖြတ်ကျော်မယ့် မေလ ၁၄ ရက်နေ့မှာတော့ ရေပြင် ၊ မြေပြင်လေဟာ တစ်နာရီကို မိုင် ၉၀ မှ မိုင်၁၁၀ ခန့် တိုက်ခိုက်နိုင်တယ်လို့စစ်ကောင်စီမိုးဇလက ခန့်မှန်းပါတယ်။

လှိုင်းအမြင့်ဟာလည်း မြစ်ဝကျွန်းပေါ် ၊ ရခိုင်ကမ်းရိုးတန်းတလျောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၁၃ ပေမှ ၁၆ ပေခန့်အထိရှိနိုင်တယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။

မုန်တိုင်းဖြတ်ကျော်ချိန်မှာ မုန်တိုင်းဒီရေဟာ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တော ဒေသတွေက မြစ်ဝ၊မြစ်လက်တက်တွေမှာ ၁၀ပေမှ ၁၄ ပေခန့်အထိ နဲ့ ကျောက်ဖြူ ဒေသ မြစ်ဝ၊မြစ်လက်တက်တွေမှာ ၇ ပေ မှ ၁၀ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။