Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတမြို့တွင် PDFကစရဖတပ်ကြပ်တစ်ဦးပစ်သတ်

ဧပြီလ( ၂၇ )ရက်ကလည်း မြန်အောင်မြို့ ၊တာနှစ်ရာကျေးရွာရှိ သုသာန်အနီးလယ်ကွင်းထဲတွင် မြေမြုပ်ဝှက်ထားသော သေနတ်ခြောက်လက်တွေ့သည်ဟုဆိုကာ လယ်ပိုင်ရှင်အပါအဝင် ဒေသခံအချို့ကိုစစ်ကောက်စီတပ်ကဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

(ဟင်္သာတမြို့ နှင့် အနီးဝန်းကျင်မြို့များကို Google Map တွင်​တွေ့ရမှု)
(ဟင်္သာတမြို့ နှင့် အနီးဝန်းကျင်မြို့များကို Google Map တွင်​တွေ့ရမှု)

ဧရာဝတီတိုင်း ဟင်္သာတမြို့တွင်စစ်ဖက်ဆိုင်ရာလုံခြံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ​ဒေသခံများက​ပြောသည်။

ဟင်္သာတမြို့၊စစ်ဖက်ဆိုင်ရာလုံခြံရေးတပ်ဖွဲ့မှတပ်ကြပ်ကြီးအဆင့်ရှိ အောင်ထိုက်ဆိုသူကိုဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သောမဟူရာတွေ့မရှောင်အဖွဲ့က မေလ၅ရက်ည တွင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ​ဒေသကာကွယ်​ရေးတပ်များနှင့်နီးစပ်သူက​ပြောသည်။

အောင်ထက်နှင့်အဖော်အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဉ် ဟင်္သာတမြို့၊ ပန်းပဲတန်းလမ်းမကြီးပေါ်တွင် မေလ ၅ရက်ည (၈) နာရီခန့်ကသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဟု မြို့ခံများက‌ ပြောသည်။

“သေနတ်ဒဏ်ရာ ၆ ချက်နဲ့သေသွားတာ။ ပစ်တဲ့လူငယ်တွေ အားလုံးအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြန်ကြားရတယ်”ဟု သင်္သာတမြို့ခံတစ်ဦးက‌ပြောသည်။

‌အောင်ထက်သည်ဟင်္သာတမြို့၊နတ်မော်တိုက်နယ်၊နတ်ချောင်းကျေးရွာတွင်နေထိုင်ပြီး တော်လှန်ရေးအင်အားစုများ၏ သတင်းကို စုံစမ်းထောက်လှမ်းနေသူဟု မြို့ခံများကပြောသည်။ ၎င်းသည် ဟင်္သာတမြို့စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးဖြစ်ပြီး ဒေသတွင်း စစ်ကောင်စီ၏ အဓိကထောက်‌တိုင်များထဲမှတစ်ဦးဖြစ်ကြောင်းဧရာဝတီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

​အောင်ထက်သည် ဟင်္သာတမြို့ပေါ်တွင် ပထမဆုံးရှင်းလင်းခံရသော စစ်ကောင်စီလက်‌အောက်ခံတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၎င်းရှင်းလင်းခံရသည့် ဖြစ်စဉ်ကြောင့် ဟင်္သာတမြို့မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ စိုးရိမ်ထိတ်လန့်နေသည်ဟု သိရသည်။

“ယူနီဖောင်းတကားကားနဲ့ သွားနေတဲ့ကောင်တွေလည်း မကြာတော့ဘူး။ဂေါက်ကွင်း(ဂေါက်ကလပ်)သွားနေတဲ့ကောင်တွေရော။ဒါကပါးပါးပဲရှိသေးတယ်။စစ်အုပ်စုနဲ့စစ်တပ်ကို ထောက်ခံသူတွေရဲ့သတင်းဆိုးတွေထပ်လာမယ်။မကြာတော့ဘူး”ဟုဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့နှင့် နီးစပ်သူကပြောသည်။

ဟင်္သာတမြို့တွင် ပြီးခဲ့သည့်လအနည်းငယ်ကလည်းမြို့ခံလူထုထံ ငွေကြေးတောင်းခံနေသည့်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရသည်။ဟင်္သာတမြို့ပေါ်ရပ်ကွက်ဖြစ်သော လယ်တော်ရပ်ကွက်တွင်လည်း ဧပြီလ ၂၇ရက် နံနက်က ဗုံးပေါက်ကွဲခဲ့သည်။

ဟင်္သာတခရိုင်အတွင်းပါဝင်သော မြန်အောင်မြို့နယ်တွင်လည်းဧပြီလ ၂၀ရက်ပတ်ဝန်းကျင်တွင်ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။တိုက်ပွဲအတွင်းစစ်ကောင်စီစစ်ကြောင်းမှူးတစ်ဦးလက်ဖြတ်လိုက်ရပြီးနောက် အနီးဝန်းကျင်းကျေးရွာများကို စစ်ကောင်စီက မွှေနှောက်နေသည်ဟု ဒေသခံများပြောသည်။

ဧပြီလ( ၂၇ )ရက်ကလည်း မြန်အောင်မြို့ ၊တာနှစ်ရာကျေးရွာရှိ သုသာန်အနီးလယ်ကွင်းထဲတွင် မြေမြုပ်ဝှက်ထားသော သေနတ်ခြောက်လက်တွေ့သည်ဟုဆိုကာ လယ်ပိုင်ရှင်အပါအဝင် ဒေသခံအချို့ကိုစစ်ကောက်စီတပ်ကဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။