Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်တပ်NMSPက PPSTတွင် ပါဝင်မှုရပ်ဆိုင်းထား

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် အပစ်ရပ် ၁၀ဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၇ဖွဲ့သာ ပါဝင်မှုရှိရာ ယခု NMSPက ထပ်မံ၍ နုတ်ထွက်လိုက်ခြင်းဖြစ်သည်။

( ​နေပြည်​တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့်​ဆွေး​နွေးခဲ့​သော မွန်ပြည်သစ်ပါတီမှ ​ခေါင်း​ဆောင်အချို့ / NMSP လက်​အောက်ခံ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-စစ်​ကောင်စီ /Burma Link )
( ​နေပြည်​တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့်​ဆွေး​နွေးခဲ့​သော မွန်ပြည်သစ်ပါတီမှ ​ခေါင်း​ဆောင်အချို့ / NMSP လက်​အောက်ခံ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-စစ်​ကောင်စီ /Burma Link )

▪︎ စစ်ကောင်စီနှင့် မဆွေးနွေးတော့ကြောင်း အသိပေးထားဟုဆို

မွန်ပြည်သစ်ပါတီ(NMSP)က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တွင်ပါဝင်မှုရပ်ဆိုင်းထားကြောင်း PPST အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် အပစ်ရပ် ၁၀ဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၇ဖွဲ့သာ ပါဝင်မှုရှိရာ ယခု NMSPက ထပ်မံ၍ နုတ်ထွက်လိုက်ခြင်းဖြစ်သည်။

“နေပြည်တော်ဆွေးနွေးပွဲဆိုရင် သူမသွားတော့ဘူးလို့ အဲဒီလိုပြောတာပါ။ ကျန်တဲ့ အလုပ်တွေ နိုင်ငံခြားရေး အလုပ်တွေ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူပေးရေးအလုပ်တွေမှာတော့ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်”ဟု PPST ခေါင်းဆောင်တစ်ဦးဖြစ်သည့် ပအိုဝ်းအဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက မွန်ပြည်သစ်ပါတီ PPST တွင် ပါဝင်မှုရပ်ဆိုင်းထားသည့် အခြေအနေကို ပြောပြသည်။

( ​နေပြည်​တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့်​ဆွေး​နွေးခဲ့​သော မွန်ပြည်သစ်ပါတီမှ ​ခေါင်း​ဆောင်အချို့ / NMSP လက်​အောက်ခံ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-စစ်​ကောင်စီ /Burma Link )
( ​နေပြည်​တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့်​ဆွေး​နွေးခဲ့​သော မွန်ပြည်သစ်ပါတီမှ ​ခေါင်း​ဆောင်အချို့ / NMSP လက်​အောက်ခံ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-စစ်​ကောင်စီ /Burma Link )

PPSTသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံဆွေးနွေးမှုလုပ်ဆောင်နေသည့် အစုအဖွဲ့ဖြစ်သည်။ NMSP အနေဖြည့်လည်း စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ယခုကဲ့သို့ PPST မှ နုတ်ထွက်ခြင်းမှာ စစ်ကောင်စီနှင့် ဆွေးနွေးရာတွင် စစ်ကောင်စီတပ်က တစ်ဖက်သတ်ဆန်စွာဆွေးနွေးမှုနှင့် သက်ဆိုင်သည်ဟုသိရသည်။

NMSP အဖွဲ့ PPSTတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်သုံးသပ်ရန် ယင်းအဖွဲ့၏ ဗဟိုကော်မတီထံ စာပို့သွားရန်ရှိသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

Public Service Announcement
Public Service Announcement

“ဗဟိုကော်မတီကိုလည်း ပြန်ပြီး စဉ်းစားဖို့ စာပြန်ဖို့လုပ်နေတယ်။အခုလာတဲ့အဖွဲ့က လေ့လာသူအဖြစ်ပဲလာတော့ ဆွေးနွေးခွင့်မရှိဘူး ဆုံးဖြတ်ခွင့်မရှိဘူးပေါ့။ ဒါကြောင့်သူတို့ ဗဟိုကော်မတီနဲ့ ပြန်ညှိဖို့ ပြင်ဆင်နေပါတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ PPSTတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ရခိုင်ပြည် နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကျန်ရှိ​​နေရာမှ NMST ကပါဝင်မှု ရပ်နားထားခြင်းဖြစ်သည်။

PPSTမှနှုတ်ထွက်ခြင်းနှင့်ပတ်သက်ပြီးမေးမြန်းရန်NMSPတာဝန်ရှိသူ အချို့ထံPeople’s Spring က ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

ယခင် PPST အဖွဲ့ဝင်ဖြစ်ခဲ့​သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့သည်စစ်အုပ်စုအာဏာသိမ်းပြီး​နောက် တရားမဝင်အာဏာသိမ်းမှု​ကြောင့် ​NCA လည်းပျက်သွားပြီ ​ကြေညာ၍ တော်လှန်​ရေးအင်အားစုများကို ကူညီကာ PDF များကိုစစ်သင်တန်း​ပေး၍ စစ်အုပ်စုကို ဦး​ဆောင်​တော်လှန်​နေ​သောအဖွဲ့များဖြစ်လာသည်။

PPST တွင် ကျန်​နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သည် NCA လက်မှတ်ထိုးထားခြင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်သူလူထုကို သတ်ဖြတ်နေသည် စစ်ကောင်စီနှင့်ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။