Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်တပ်ထံ လက်နက်တင်ပို့မှုရပ်တန့်ရေးနဲ့ စစ်ခေါင်းဆောင်များကို ICC လွှဲပြောင်းရေး လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တောင်းဆို

မြန်မာစစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနဲ့ ပြစ်မှုကျူးလွန်ထားတဲ့ စစ်တပ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)ထံ လွှဲပြောင်းရေးတို့ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေး Arria-Formula အစည်းအဝေးကို မနေ့က ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ရဲ့ နောက်ဆက်တွဲအရေးယူမှုကို ချက်ချင်းဆောင်ရွက်ဖို့ ၊ လုံခြုံရေးကောင်စီအနေနဲ့ ကုလသမဂ္ဂပဋိဉာဏ်စာတမ်းရဲ့ အခန်းခုနစ်အောက်မှ အဓိပ္ပါယ်ရှိတဲ့ အရေးယူဆောင်ရွက်မှုပြုလုပ်ဖို့ လိုအပ်တယ်လို့ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

(ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားနေစဥ်။ ဓာတ်ပုံ - Permanent Mission of Myanmar to the United Nations)
(ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး Arria-Formula အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားနေစဥ်။ ဓာတ်ပုံ – Permanent Mission of Myanmar to the United Nations)

▪️မွန်တပ်NMSPက PPSTမှာ ပါဝင်မှုရပ်ဆိုင်းထား

မွန်ပြည်သစ်ပါတီ(NMSP)က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှာ ပါဝင်မှုရပ်ဆိုင်းထားတယ်လို့ PPST အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင်များနဲ့ ဖွဲ့စည်းထားတဲ့ PPST ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၇ ဖွဲ့သာ ပါဝင်မှုရှိရာ အခု NMSPက ထပ်မံ နုတ်ထွက်လိုက်တာပါ။ PPSTဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဆွေးနွေးမှုလုပ်ဆောင်နေတဲ့ အစုအဖွဲ့ဖြစ်ပါတယ်။

( ​နေပြည်​တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့်​ဆွေး​နွေးခဲ့​သော မွန်ပြည်သစ်ပါတီမှ ​ခေါင်း​ဆောင်အချို့ / NMSP လက်​အောက်ခံ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-စစ်​ကောင်စီ /Burma Link )
( ​နေပြည်​တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့်​ဆွေး​နွေးခဲ့​သော မွန်ပြည်သစ်ပါတီမှ ​ခေါင်း​ဆောင်အချို့ / NMSP လက်​အောက်ခံ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-စစ်​ကောင်စီ /Burma Link )

▪️မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးများခဲ့တဲ့ မတူပီမှာ အမိုးအကာများအရေးပေါ်လိုအပ်နေ

မိုခါမုန်တိုင်းကြောင့် မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ထိန်းချုပ်နယ်မြေအတွင်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး အမိုးအကာများ အရေးပေါ် လိုအပ်နေတယ်လို့ မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မုန်တိုင်းကြောင့် မတူပီ CDFထိန်းချုပ်နယ်မြေရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ် ၂၃၀ နီးပါး ပျက်စီးခဲ့တယ်လို့ ကနဦးသိရပြီး ထိခိုက်ပျက်စီးမှု ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။ အမိုးအကာများ အချိန်မီမရပါက မိုးတွင်းကာလမှာ အခက်အခဲများစွာကြုံရမယ်လို့ မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မတူပီ CDF)
(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – မတူပီ CDF)

▪️မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် TNLAက AA ထံ ကျပ်သိန်း ၅၀၀ လှူဒါန်း

မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့တဲ့ ရခိုင်ဒေသပြည်သူများအတွက် တအာင်းတပ်မတော်(TNLA)ကလည်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံသို့ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ရာ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ကြီးမားစွာပျက်စီးဆုံးရှုံးသွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများမှာ အသုံးပြုနိုင်ဖို့ ပေးပို့လှူဒါန်းခဲ့တာလို့ PSLF/TNLAက ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်း ၁၀၀၀ ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကကျပ်သိန်း ၃၀၀၀၊ ကိုးကန့်တပ်မတော် (MNDAA)က ကျပ်သိန်း ၁၀၀၀ အသီးသီးလှူဒါန်းခဲ့ပါတယ်။

(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)
(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)

▪️ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် ရေမျောပါသေဆုံးသူ လေးဦးထပ်တိုး၊ စုစုပေါင်းခုနစ်ဦးအထိရှိလာ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ရုတ်တရက်ရေကြီးပြီး ရေမျောပါ သေဆုံးသူ လေးဦးထပ်မံတိုးလာပြီး စုစုပေါင်းသေဆုံးသူ ခုနစ်ဦးအထိရှိလာတယ်လို့ ဒေသခံများက ပြောပါတယ်။ ဆင်ဖြူကျွန်းမြို့ စွန်းကျွန်းညိုကျေးရွာနေ အသက်(၃၄)နှစ်အရွယ် ကိုကျော်လင်းရွှေ၊ ဂွေးကုန်းရွာမှ ညီအစ်ကိုနှစ်ဦး၊ ထနောင်းကုန်းရွာမှ အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

(ရေထဲမျောပါသေဆုံးခဲ့သည့် အသက်၂၂အရွယ်လူငယ်ရုပ်အလောင်းအား ပြန်လည်သယ်ယူလာစဥ်။ ဓာတ်ပုံ - Cj)
(ရေထဲမျောပါသေဆုံးခဲ့သည့် အသက်၂၂အရွယ်လူငယ်ရုပ်အလောင်းအား ပြန်လည်သယ်ယူလာစဥ်။ ဓာတ်ပုံ – Cj)

▪️ရေးဘီလူး၊ နဂါးနီစစ်ကြောင်းနဲ့ MSRF တို့မှ ရဲဘော်(၃၀)ကို အထူးလက်ဖြောင့်မွန်းမံသင်တန်းပေး

မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့၊ မွန်တော်လှန်ရေးတပ်နဲ့ ကရင်ပြည်နယ်အခြေစိုက် နဂါးနီစစ်ကြောင်းတို့မှ စနိုင်ဘာရဲဘော်(၃၀)ကို အထူးလက်ဖြောင့်မွမ်းမံသင်တန်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စနိုက်ဘာရဲဘော်(၃၀)ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ကတာဝန်ယူပြီး KNU တပ်မဟာ(၆) နယ်မြေအတွင်း အထူးလက်ဖြောင့်မွန်းမံသင်တန်း တစ်လကြာ သင်ကြားခဲ့ရာ မနေ့က အောင်မြင်စွာပြီးမြောက်ခဲ့တာလို့ ဆိုပါတယ်။ အခုလေ့ကျင့်ရေးမှာပါတဲ့ တပ်ဖွဲ့အချင်းချင်း စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ရာမှာ စစ်နိုက်ဘာအဖွဲ့တွေက ပူးပေါင်းစစ်ဆင်ရေးပြန်လုပ်သွားမှာလို့ S.O.F မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)
(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)

▪️မြိုင်နယ် ဓာတ်အားလိုင်းလာပြင်တဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဓာတ်အားလိုင်းလာပြင်တဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီးပျက်စီးတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြိုင်မြို့နယ်၊ စက်မှု(၂)ရုံးရှိ စစ်တပ်သို့ လျှပ်စစ်ပေးနေတဲ့ ဓာတ်အားလိုင်းအား ပြင်ဆင်ဖို့လာတဲ့ စစ်ကောင်စီယာဥ်တန်းကို သရက်ကန်ပျူစခန်းနဲ့ တွင်းမပျူစောထီးစခန်းကြားမှာ မိုင်းကြီး၊ မိုင်းသေးများနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုရဲ့ ထောက်ပို့လမ်းပိုင်း ပျက်စီးသွားပေမယ့် စစ်ကြောင်းအကာနဲ့ လုံခြုံရေးယူကာ ချက်ချင်းပြန်ပြင်ဆင်သွားတယ်လို့ မြိုင်(ပကဖ) အဖွဲ့က ပြောပါတယ်။