Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွေးကောက်ပွဲဒုညွှန်ချုပ်ပစ်သတ်ခံရမှု လူ ၁၀ ဦးကို ရန်ကုန်မှာ စစ်ကောင်စီဖမ်းဆီး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဒုညွှန်ချုပ် ဦးစိုင်းကျော်သူဟာ ပြီခဲ့တဲ့ ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာဆေးရုံအနီးမှာ ကားမောင်းနေရင်း ပစ်ခတ်ခံရတာပါ။

ရွေးကောက်ပွဲဒုညွှန်ချုပ်ပစ်သတ်ခံရမှု လူ ၁၀ ဦးကို ရန်ကုန်မှာ စစ်ကောင်စီဖမ်းဆီး
ရွေးကောက်ပွဲဒုညွှန်ချုပ်ပစ်သတ်ခံရမှု လူ ၁၀ ဦးကို ရန်ကုန်မှာ စစ်ကောင်စီဖမ်းဆီး

ရွေးကောက်ပွဲကော်မရှင် ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ရန်ကုန်မှာလူငယ်အချို့အပါအဝင် ၁၀ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီက မနေ့ မေလ ၂၀ က ကြေညာပါတယ်။

ဦးစိုင်းကျော်သူ ပစ်သတ်ခံရပြီး ရက်သတ္တပတ် ၃ ပတ်ကျော်အကြာမှာ စမ်းချောင်း၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ ၊ကမာရွတ် ၊ ဒလ ၊ ရွှေပြည်သာမြို့နယ်တွေထဲက လူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးတာပါ။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ တစ်ဦးချင်စီဖမ်းမိတာဖြစ်ပြီး ပစ္စတို ၂ လက် သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

သူတို့ ၁၀ ဦးဟာ Yangon Revolution Force-YRF အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။

YRF ဘက်ကတော့ တစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဒုညွှန်ချုပ် ဦးစိုင်းကျော်သူဟာ ပြီခဲ့တဲ့ ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာဆေးရုံအနီးမှာ ကားမောင်းနေရင်း ပစ်ခတ်ခံရတာပါ။

ပစ်ခတ်မှု CCTV မှတ်တမ်းအရ စက်ဘီးစီး အမျိုးသား ၂ ဦးက ကားပေါ်မှာရှိတဲ့ ဦးစိုင်းကျော်သူကို ပစ္စတိုနဲ့ ပစ်ခတ်တာတွေ့ရပါတယ်။

အဲဒီပစ်ခတ်မှုကို For the Yangon အမည်ရ မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာလို့ NUG အစိုးရ ရဲ့ ရန်ကုန်တိုင်း စစ်ဒေသ ကွပ်ကဲရေးတာဝန်ခံ ကမီဒီယာကို အတည်ပြုထားတာရှိပါတယ်။