Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဖွဲ့ထားသည့် ရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NUG ကြေညာ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ယခုကဲ့သို့ ကြေညာစာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီ​၏ ရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယသံအမတ်တို့ တွေ့ဆုံနေစဉ်)
(စစ်ကောင်စီ​၏ ရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယသံအမတ်တို့ တွေ့ဆုံနေစဉ်)

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် စစ်ကောင်စီ ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တရားမဝင် အဖွဲ့အစည်းဖြစ်ပြီး ယင်းကော်မရှင် သည် ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်နေသည့် နိုင်ငံရေးပါတီများအား ဆက်လက်မရပ်တည်နိုင်စေရန် ရည်ရွယ်၍ မတရားသည့် အမိန့်နှင့် ဥပဒေများ ထုတ်ပြန်ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားပြည်သူအများစုက လုံးဝလက်ခံ သဘောတူခြင်းမရှိသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား တည်မြဲစေရန်ဆောင်ရွက်ခြင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်အာဏာရှင်နှင့် ၎င်းတို့အားထောက်ခံသည့် လက်တဆုပ်စာ နိုင်ငံရေးပါတီအချို့အား တရားမဝင်ဖြတ်လမ်းနည်းဖြင့် အာဏာရရှိစေရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ဆောင်ရွက်နေခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ လုပ်ဆောင်ချက်များသည် အများပြည် သူအတွင်း ထိတ်လန့်မှုများကိုဖြစ်ပေါ်စေရန်၊ ပြည်တွင်း တရားဝင် နိုင်ငံရေးအဖွဲ့အစည်းများအား ဥပဒေနှင့်မညီသည့် လုပ်ရပ်များကို အတင်းအကြပ်ပြုလုပ်စေရန်နှင့် ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၃) နှင့် ပုဒ်မခွဲငယ်(၁၆) တို့တွင် ဖော်ပြထားသော အကြမ်းဖက်မှုများကို ကျူးလွန်ကြောင်း စိစစ်တွေ့ ရှိရသည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ယခုကဲ့သို့ ကြေညာစာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။