Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းသင့်မြန်မာပြည်သူများအတွက် အာဆီယံ ၏အရေးပေါ်တုန့်ပြန်မှုအကူအညီများ ပေးပို့

ယခုအကူအညီပေးပို့မှုများမှာ ၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ကတိကဝတ်နှင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် မကြာသေးမီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်နှင့်အညီဖြစ်ကြောင်း ဖော်ပြသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- UN OCHA
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- UN OCHA

ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့်မြန်မာပြည်သူများအတွက် အာဆီယံ၏အရေးပေါ်တုန့်ပြန်မှုအကူအညီများကို ယနေ့(မေလ ၂၁ ရက်)တွင် ခရီးသည်တင်လေယာဥ်ဖြင့် ပေးပို့ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်သည်။

အဆိုပါအကူအညီများမှာ မလေးရှားရှိ ဆူဘန်းနှင့် ထိုင်းရှိ ချိုင်နက်တို့တွင် အာဆီယံအတွက် ဘေးအန္တရာယ်အရေးပေါ်ကုန်ပစ္စည်းသိုလှောင်ရုံများမှ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“နောက်ထပ်အကူအညီများကို မေလ ၂၂ ဒါမှမဟုတ် ၂၃ ရက်တွေမှာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကနေ စစ်လေယာဥ်တွေနဲ့ ပေးပို့ဖို့ ရှိပါတယ်” ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ယခုအကူအညီပေးပို့မှုများမှာ ၂၀၂၃ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ကတိကဝတ်နှင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် မကြာသေးမီက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်နှင့်အညီဖြစ်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သည့်သီတင်းပတ်က ရခိုင်ပြည်နယ်တွင်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်မိုခါကြောင့် လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့(မေလ ၂၀ ရက်)ကလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် “မိုခါ” (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော သဘာဝဘေးသင့်ပြည်သူများအတွက် ယွမ် ၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ရာ အဆိုပါပစ္စည်းများတွင် ခေါက်ဆွဲခြောက် ၉၃၀ ပုံး၊ ဘီစကစ် ၄၁၇ ပုံး၊ သောက်သုံးရေ ၃၆၆၇ ပုံး ပါဝင်ကြောင်း ယင်းသံရုံးက ထုတ်ပြန်သည်။

ကိုးကား – BERNAMA