Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုနယ်တွင် ‌ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်အား ငါးရက်အတွင်းသုံးကြိမ်တိုက်ခို​က်

မေလ ၁၉ ရက် နေ့လည် ၂နာခန့်က ရွှေဘိုမြို့နယ်၊ ကိုးပင်ရွာလမ်းခွဲတွင် ကင်းပုန်းဝပ်နေသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီး ၁၀လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့်သုံး ကြိမ်တိုင် ​ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပစ်ခတ်နေစဥ်)
(စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပစ်ခတ်နေစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်အား ငါးရက်အတွင်း သုံးကြိမ်တိုက်ခို​က်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

မေလ ၁၉ ရက် နေ့လည် ၂နာခန့်က ရွှေဘိုမြို့နယ်၊ ကိုးပင်ရွာလမ်းခွဲတွင် ကင်းပုန်းဝပ်နေသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီး ၁၀လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့်သုံး ကြိမ်တိုင် ​ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

မေလ ၁၄ ရက် နံနက် ၇ နာရီခွဲခန့်ကလည်း ဝက်လက်မြို့နယ်၊ ဟံလင်းရွာမှ စစ်ကြောင်းထွက်လာသော အင်အား ၈၀ ဦးခန့်ပါ စစ်ကောင်စီတပ်အား ရွှေဘိုမြို့နယ် ကံကြီးတောကျေးရွာ အနီးအရောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အထက်ပါတပ်ဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ ထိခိုက်မှု‌အခြေအနေကို အတည်မပြုနိုင်သေးဘဲ အဆိုပါ တိုက်ပွဲတွင် ကားတစ်စီးနှင့် မိုင်း ခုနစ်လုံးဆုံးရှုံးခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က အသိပေးသည်။

ထိုနေ့ နံနက် ၁၁ နာရီခွဲခန့်ကလည်း အင်အား ၈၀ပါ စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ်၊ ဆည်ကြီးရွာ စာသင်ကျောင်းအနီး၌ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

“ကားဆုံးရှုံးခဲ့ရတာက စစ်ကြောင်းနဲ့ထိပ်တိုက်တိုးလို့ပါ။ ကျွန်တော်တို့ တစ်လအတွင်း ၁၂ကြိမ်ရှိပြီ တိုက်ပွဲဖြစ်တာ။ ရွှေဘိုနဲ့ဝက်လက်နယ်အတွင်းပါ။ စစ်ကြောင်းတွေက ဟံလင်းရွာကထွက်လာတဲ့စစ်ကြောင်းပါ။”ဟု BLACK WOLF – ARMY တပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

ထိုနေ့က စစ်ကောင်စီတပ်သည် ဆည်ကြီးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ကားတစ်စီးအား မီးရှို့ဖျက်ဆီးပြီး ရွှေဘိုလေ့ကျင့်ရေး (၈)အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား BLACK WOLF – ARMYတပ်ဖွဲ့နှင့် Who am i – Army တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကံကြီးတောရွာ မြောက်ဘက်ဖြစ်စဥ်တွင် တိုယ်နယ် ပကဖ (၄)ကလည်း ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။