Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မန္တ​လေးလမ်းပိုင်းရှိ လှတောရဲစခန်းနှင့် ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများ တိုက်ခိုက်

ယမန်နေ့ (မေလ ၂၁ ရက်) ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ အရာရှိတစ် ဦးအပါအဝင် စစ်သားနှင့်ရဲ ၁၂ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

(ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Zero)
(ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Zero)

▪️စစ်ကောင်စီလက်ပါးစေများ ထိခိုက်သေဆုံးမှုရှိဟု တိုက်ခိုက်သည့်အဖွဲ့များပြော

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တ​လေးလမ်းပိုင်းပေါ်ရှိ လှတောရဲစခန်းနှင့် ဆားတောင်ရဲစခန်းတို့ကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။

ယမန်နေ့ (မေလ ၂၁ ရက်) ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ အရာရှိတစ် ဦးအပါအဝင် စစ်သားနှင့်ရဲ ၁၂ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

တိုက်ပွဲမှာ ၂နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ရန်ကြိုးပမ်းချိန် ည၈နာရီခွဲခန့်တွင် တိုက်လေယာဉ်နှစ်စီး အဆက်မပြတ်ဝဲပျံလာ၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ၎င်းက ပြောသည်။

(ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Zero)
(ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Zero)

“ကျွန်တော်တို့က စခန်းခြေရောက်နေပြီ။ ဝင်လုံးဖို့ပဲကျန်တော့တာ မိနစ်အနည်းငယ်အတွင်း။ ဂျက်ဖိုက်တာက နှစ်စီးပတ်ဝဲနေတာနဲ့ ကျွန်တော်တို့ပြန်ဆုတ်ခဲ့တယ်။ လူမရှိတဲ့ဘက်ကနေ ပစ်ရတာပါ။သူတို့စခန်းနဲ့ ကတ္တရာလမ်းပဲခြားတော့တာ။အတိုခါးကြားလွယ်ထားတဲ့တစ်ယောက်ကို ၃ယောက်ဝိုင်းပစ်တာ သေသွားပါတယ်။ ဘန်ကာထဲကိုပြုတ်ကျသွားတာ မြင်လိုက်တယ်။ RPGနဲ့လည်း ထုပါတယ်။ ဘန်ကာလည်းပြိုကျသွားတယ်။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ထို့အပြင် ရဲစခန်းရှေ့မြောင်းအတွင်း၌ အလောင်းများတွေ့ရပြီး ထိခိုက်သူအများအပြားရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို EROပြောက်ကျားတပ်ဖွဲ့၊တပ်ရင်း(၇)မြင်းခြံခရိုင်နှင့် နဂါးနီကျောက်ဆည်၊တပ်ရင်း(၁)ကျောက်ဆည်ခရိုင် တပ်ရင်း(၄)၊မြင်းခြံခရိုင်နှင့် ဆားတောင်မိုးကြိုး(၅) မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ ယမန်နေ့ညနေ ၄ နာရီခွဲခန့်က ဝက်လက်မြို့နယ် ၊ လှတောရဲစခန်းအား အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲခုနစ်ဦးခန့်နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မုံရွာဗန္ဓုလနှင့်အဖွဲ့သားများLDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Zero)
(ဆားတောင်ရဲစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Zero)

လှတောစခန်းရှေ့တွင် စက်ကလေးနှစ်လက်အထိုင်ချကာ ညနေဘက်၌ ယာဉ်များအား ငွေတောင်းခံလေ့ရှိရာ လူအပြောင်းအလဲပြုလုပ်ချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာဗန္ဓုလနှင့်အဖွဲ့သားများLDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စခန်းအပြင်မှာ ရဲနှစ်ယောက်က ဖုန်းပြောနေတာ။ သေနတ်မပါဘူး။ သူတို့နှစ်ယောက်ကနီးတယ်။ သူတို့မလှမ်းမကမ်းမှာ တစ်ယောက်ရပ်နေတယ်။ ဂန်းပါတယ်။ ပြီးတော့စခန်းဘေးမှာပဲ လူအင်အားက လေးယောက်ရှိတယ်။ စုစုပေါင်း ခုနစ်ယောက်ထွက်နေတယ်။ ခြောက်ယောက်ကတော့နေရာတင်ပွဲချင်းပြီးသေတယ်။ တစ်ယောက်က တစ်နာရီနှစ်နာရီလောက်နေမှသေတာလို့ သိရတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

အထက်ပါဖြစ်စဥ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီ​၏ လက်ပါးစေများ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းစစ်ဆင်ရေးကို ဗန္ဓုနှင့်အဖွဲ့သားများ LDF နှင့် ဝက်လက်မြို့နယ် ပကဖ၊ ဆောင်းမုန်တိုင်းအဖွဲ့ ၊ဝက်လက်မြို့နယ် ပကဖ တစ်ကိုယ်တော်မိုက်ခဲ အဖွဲ့၊ မုံရွာဗိုလ်ပစ်တိုင်းထောင်အဖွဲ့၊ဝက်လက်မြို့နယ်တိုက်နယ်(၄)ပြည်သူ့ကာကွယ်ရးအဖွဲ့၊ ပန်းပျိုးလက် တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

လှတောစခန်းက စစ်အုပ်စုသည် ယမန်နေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ညသန်းခေါင်ထိ ပစ်ခတ်ခဲ့ပြီး မီးရှို့မှုများလည်းပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။