Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းမြောက်ခြမ်း၌ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက ပဒူရွာကို Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်

မေလ ၁၉ ရက်ကတည်းက စစ်ကိုင်းမြို့နယ်ရှိ ပဒူရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသော စစ်ကိုင်းမှ ဒေငခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-SYP)
(ထွက်ပြေးတိမ်းရှောင်လာသော စစ်ကိုင်းမှ ဒေငခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-SYP)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၌ တိုက်ပွဲများဆက်ဖြစ်နေပြီး ပဒူကျေးရွာကို စစ်ကောင်စီတပ် က Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလ ၁၉ ရက်ကတည်းက စစ်ကိုင်းမြို့နယ်ရှိ ပဒူရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယနေ့ (မေလ ၂၂ ရက်) နေ့လည်၁၂ နာရီခန့်က စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ရွာသူ၊ ရွာသားများ ထွက်ပြေးနေရ၍ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“တစ်နာရီလောက်တော့ ကြာတယ်ဗျ။ သေတာပြုတာတော့ မကြားသေးဘူး။ ပျက်စီးမှုကတော့ ရှိလိမ့်မယ်။”ဟု ပဒူရွာ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၁၉ ရက် နံနက်ပိုင်းကစတင်ကာ ပဒူရွာသို့ ထိုးစစ်ဆင်ခဲ့ပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပဒူ၊ ကန်ကြီးကုန်း၊ဆည်လေးကျေးရွာတဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သ​ည်။

အဆိုပါ တိုက်ပွဲများကြောင့် စစ်ကိုင်းနယ်ရှိ ကျေးရွာ (၈)ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်များ​၏ ယာဉ်တိမ်းမှောက်၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးလည်း အုတ်တံတိုင်းပိသေဆုံးခဲ့သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ် စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်အုပ်စုထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း၊စစ်အုပ်စုဘက်ကလည်း အထိနာခဲ့ကြောင်း ကျောက်ဆည် K.S PDF အဖွဲ့က အသိပေးသည်။