Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ပြပြောက်ကျား ၈ ဦး နဲ့ထောက်ပံ့သူ ၅ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီကြေညာ

RPGF အဖွဲ့ကို ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၈ ဦးကို ဖမ်းမိထားလို့ ကျန်တဲ့သူတွေကို ဆက်ဖမ်းမယ်လို့လည်း စစ်ကောင်စီက သတင်းဖြန့်ထားတာတွေ့ရပါတယ်။

မန္တလေးမြို့ပြပြောက်ကျား ၈ ဦး နဲ့ထောက်ပံ့သူ ၅ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီကြေညာ
မန္တလေးမြို့ပြပြောက်ကျား ၈ ဦး နဲ့ထောက်ပံ့သူ ၅ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီကြေညာ

မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင် ၈ ဦးနဲ့ ထောက်ပံ့သူ ၅ ဦး စုစုပေါင်း ၁၂ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ဖမ်မိသူ မြို့ပြပြောက်ကျားတွေဟာ Royal Phoenix Guerilla Force-RPGF အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါအပြင် အမျိုးသမီး ၃ ဦးအပါအဝင် အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦးကိုလည်း ထောက်ပံ့သူတွေအဖြစ် စစ်ကောင်စီကစွပ်စွဲဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက အဖွဲ့ ရဲ့ ဒုခေါင်းဆောင်ကို ချမ်းမြသာစည်မြို့နယ်ထဲမှာ ဖမ်းမိပြီးနောက် မေလ ၁၈ ရက်မှာ အဖွဲ့ခေါင်းဆောင်ကို ထပ်မံ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီနောက်အဖွဲ့ဝင် ၆ ဦးကို ဆက်တိုက်ဖမ်းမိတယ်လို့သိရပါတယ်။

ဖမ်းမိသူတွေဟာ မန္တလေး နဲ့ စစ်ကိုင်းတိုင်းထဲမှာ ဖောက်ခွဲမှုတွေ ၊ဒလန်ရှင်းလင်းသတ်ဖြတ်မှုတွေကျုးလွန်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

RPGF အဖွဲ့ကို ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၈ ဦးကို ဖမ်းမိထားလို့ ကျန်တဲ့သူတွေကို ဆက်ဖမ်းမယ်လို့လည်း စစ်ကောင်စီက သတင်းဖြန့်ထားတာတွေ့ရပါတယ်။