Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်စွဲထား​သော လားရှိုးနည်းပညာအထက်တန်း​ကျောင်း ​ရှော့တိုက်ဒုံးဖြင့်အပစ်ခံရ

“ပစ်ခတ်တာက ပထမတစ်ချက်ကြားတယ်။နောက်ထပ်သုံးချက်ဆက် ထပ်ကြားတယ်။ အိမ်တောင်တုန်တယ်” ဟု လားရှို့မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်စွဲထားသည့်လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်းကို တော်လှန်ရေးအင်အားစုများက ယနေ့(မေလ၂၂ရက်) နံနက် ၁နာရီ ၁၀မိနစ်တွင် အစောပိုင်းတွင် ရှော့တိုက်ဒုန်း လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“ပစ်ခတ်တာက ပထမတစ်ချက်ကြားတယ်။နောက်ထပ်သုံးချက်ဆက် ထပ်ကြားတယ်။ အိမ်တောင်တုန်တယ်” ဟု လားရှို့မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်း ​ရှော့တိုက်ဒုံးအပစ်ခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ထိခိုက်မှုကို မသိရသေးပေ။နည်းပညာအထက်တန်းကျောင်း သုံးထပ်ဆောင် အဆောက်အဦအပေါ်ထပ် အမိုးအား ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။ ထို့အပြင် ကျောင်းအနီးရှိ စစ်မှုထမ်းဟောင်းရပ်ထဲမှ နေအိမ်အချို့လည်း ပျက်စီးခဲ့သည်ဟု မြို့ခံများကပြောသည်။

” စစ်တပ်က ကျောင်းထဲမှာ တပ်စွဲထားတယ်။ စစ်တပ်ဘက် ဒဏ်ရာရတာရှိမရှိမသိသေးဘူး။ ဒီနေ့မနက်‌တော့ စစ်တပ်နဲ့ သူတို့သတင်းပေးတွေ ဓာတ်ပုံလာရိုက်တာတွေ့တယ်” ဟု မြို့ခံတစ်ဦးကပြောသည်။