Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၂.၇ သန်းခန့် ပျက်စီးဆုံးရှုံး

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူလေတပ်ရဲ့ C – 130 လေယာဉ်နဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပေးလိုက်ပြီး ဆက်လက်သယ်ယူပို့ဆောင်ပေးဦးမယ်လို့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဓာတ်ပုံ − UN
ဓာတ်ပုံ − UN

မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၇ သန်းခန့်ရှိတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး(AHA Centre)က တွက်ချက်ထုတ်ပြန်ပါတယ်။

အဆောက်အဦး၊ လမ်းနဲ့တံတား ထိခိုက်ပျက်စီးမှုတန်ဖိုးကို ခန့်မှန်းတွက်ချက်ထားတာဖြစ်ပြီး ဒါဟာ မေလ ၂၀ ရက်က ထုတ်ပြန်တဲ့ AHA စင်တာရဲ့အချက်အလက်ဖြစ်ပါတယ်။

ဒါအပြင် ကျွဲ၊နွား အကောင်ရေ ၃ ထောင်ကျော် ၊ အိမ်ခြေ ၂,၅၀၀ ကျော် ပျက်စီးခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသူ ဦးရေကတော့ ၁၅၂ဦးရှိတယ်လို့ AHA Centre က ဆိုထားပါတယ်။

အချက်အလက်တွေကို ကုလသမဂ္ဂ၊ ကြက်ခြေနီ ၊ NGO တွေ နဲ့ သတင်းဌာနတွေက ကောက်ယူထားတာလို့ AHA Centre က ပြောပါတယ်။

မုန်တိုင်းသင့်ပြည်သူတွေအတွက် အာဆီယံရဲ့ အကူအညီတွေဟာ မနေ့က စင်ကာပူလေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ ရန်ကုန် ဆီပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူလေတပ်ရဲ့ C – 130 လေယာဉ်နဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပေးလိုက်ပြီး ဆက်လက်သယ်ယူပို့ဆောင်ပေးဦးမယ်လို့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။