Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီခန့် တတိယမြောက် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးနှစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရ

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက် တဲ့သည် ကြက်တိုက်လောင်းကစားဝါသနာပါသူတစ်ဦးဖြစ်ပြီး ယနေ့ပစ်ခတ်ခံရမှုတွင်လည်း ရာအိမ်မှူးနှစ်ဦးနှင့်အတူ ကြက်ဝိုင်းသို့အသွား ၎င်း၏နေအိမ်အနီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

(စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​​ရေးမှူး သုံးဦး​စလုံးသေနတ်ဖြင့်ပစ်သတ်ခံထားရ​​သော ဒဂုံမြို့သစ်ဆိပ်ကမ်မြို့နယ်၊အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​​ရေးမှူး သုံးဦး​စလုံးသေနတ်ဖြင့်ပစ်သတ်ခံထားရ​​သော ဒဂုံမြို့သစ်ဆိပ်ကမ်မြို့နယ်၊အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး။ဓါတ်ပုံ-CJ)

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)ရပ်ကွက်မှစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးနှစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(မေ ၂၂)နံနက် ၁၀ နာရီကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက်တဲ့ဆိုသူနှင့် ရာအိမ်မှူးနှစ်ဦးကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သုံးဦးလုံးနေရာမှာပင် သေဆုံးသွားကြောင်း ဒေသခံများက ပြော သည်။

“အဲကောင်က ကားစီးရင်တောင် ဆန့်ဆန့်ကြီးလှဲစီးတာ အရမ်းသတိကြီးတာ။ သူ့ကို စောင့်ကြည့်ပြီး လုပ်မယ်ဆိုတာလည်း သိတယ်။ သိသိကြီးနဲ့ တပည့်တပမ်းတွေနဲ့ ဆက်မိုက်တာ။ အားနည်းချက်ဆိုတာတော့ ရှိစမြဲပါပဲ”ဟု ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက်တဲ့နှင့်စပ်လျဥ်းပြီး ဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက် တဲ့သည် ကြက်တိုက်လောင်းကစားဝါသနာပါသူတစ်ဦးဖြစ်ပြီး ယနေ့ပစ်ခတ်ခံရမှုတွင်လည်း ရာအိမ်မှူးနှစ်ဦးနှင့်အတူ ကြက်ဝိုင်းသို့အသွား ၎င်း၏နေအိမ်အနီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသော ဇော်လွင်(ခ) တောက်တဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)ရပ်ကွက်၏တတိယမြောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ၎င်း၏ရှေ့တွင်ခင်ဦးနှင့် သိန်းဇော်ဆိုသူတို့ ရှေ့ဆင့်နောက်ဆင့် တာဝန်ယူခဲ့ကာ ၎င်းတို့နှစ်ဦးစလုံး မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ ပစ်ခတ်ရှင်းလင်းခြင်း ခံခဲ့ရသည်။