Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာတွင် တရုတ်-မြန်မာဓါတ်​ငွေ့ပိုက်လိုင်းအ​စောင့် စခန်းငယ်ကို PDFများတိုက်ခိုက်

ပိုက်လိုင်းတလျှောက်တွင်စစ်ကောင်စီတပ်ကမိုင်းမျာထောင်ထားသည်ဟုသိရသည်။ထိုမိုင်းများပေါက်ကွဲမှုကြောင့်​ဒေသခံပြည်သူနှင့်တိရိစ္ဆာန်ထိခိုက်မှု မကြာခဏရှိနေသည်ဟု ဒေသခံများကပြောသည်။

(မြန်မာ-တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာတစ်​နေရာတွင် ပိုက်လိုင်းတည်​ဆောက်စဥ်ကမြင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)
(မြန်မာ-တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာတစ်​နေရာတွင် ပိုက်လိုင်းတည်​ဆောက်စဥ်ကမြင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ)

▪︎ပိုက်လိုင်းအ​စောင့်စခန်းမှစစ်သား ၄ဦး​သေဦးPDF​ပြော

မန္တလေးတိုင်း၊ ‌တောင်သာမြို့နယ်မှ ဖြတ်သန်းသွယ်တန်းထား​သော တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ ပိုက်လိုင်း​၏အစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ညတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးသွားကြောင်း PDF အချို့က​ပြောသည်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စခန်းဖြစ်သည့် မင်းဂံစစ်ဆေးရေးစခန်းကို ယမန်နေ့(မေလ ၂၂ရက်) ည ၈နာရီခွဲတွင် စတင်တိုက်ခိုက်ခြင်းဖြစ်​ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဒုန်းနဲ့ချတယ်။ အနီးကပ်ကပ်ပစ်တယ်။ စစ်တပ်ဘက်က လေးယောက်သေတယ်။ ကျွန်တော်တို့ဘက်ကထိခိုက်တာမရှိဘူး” ဟု အဆိုပါရဲဘော်ကပြောသည်။

စစ်​ကောင်စီတပ်သားများ​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။မင်းဂံစခန်းသည် တောင်သာမြို့နှင့် မိုင်ဝက်ခန့်သာဝေးသည်။

အဆိုပါတိုက်ခိုက်မှုကို ​ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုသည် ပိုက်လိုင်းကိုတိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်တပ်ဂိတ်စခန်းကိုသာ ဦးတည်တိုက်ခိုက်သွားခြင်းဟု မြို့ခံများကပြောသည်။

တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တောင်သာမြို့နယ်အတွင်း ၂၂မိုင်ဖြတ်သွားသည်။

ပိုက်လိုင်းတလျှောက်တွင်စစ်ကောင်စီတပ်ကမိုင်းမျာထောင်ထားသည်ဟုသိရသည်။ထိုမိုင်းများပေါက်ကွဲမှုကြောင့်​ဒေသခံပြည်သူနှင့်တိရိစ္ဆာန်ထိခိုက်မှု မကြာခဏရှိနေသည်ဟု ဒေသခံများကပြောသည်။