Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းသင့်ဒေသတွေဆီ သွားလာခွင့် စစ်ကောင်စီထံက ကုလစောင့်ဆိုင်းနေရ

မုန်တိုင်းဝင်ပြီး တစ်ပတ်ကြာချိန်မှာတော့ ထိခိုက်ပျက်စီးမှုအခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းသိနေရပြီလို့ ကုလက ဆိုပါတယ်။

မုန်တိုင်းသင့်ဒေသတွေဆီ သွားလာခွင့် စစ်ကောင်စီထံက ကုလစောင့်ဆိုင်းနေရ
UNHCR and other humanitarian partners started with their field observations in various locations in Sittwe and other Townships in Rakhine State (Central). ; Humanitarian needs in Rakhine State and North West Myanmar were already dire before the cyclone hit, with approximately six million people already in need of relief aid. Almost 5.4 million people are estimated to have been in the path of the cyclone across Rakhine and the Northwest, according to UNOCHA. In internally displaced peoples’ (IDP) camps, sh

မုန်တိုင်းဒဏ်သင့်အရပ်တွေက ပြည်သူတွေထံ ကူညီထောက်ပံ့ရေးပစ္စည်းတွေ သွားရောက် ပို့ဆောင်နိုင်ဖို့ စစ်ကောင်စီထံက ခွင့်ပြုချက်စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ပြောရေးဆိုခွင့်ရှိသူက မနေ့မေလ ၂၂ ရက် မှာထပ်မံပြောဆိုလိုက်ပါတယ်။

မုန်တိုင်းဝင်ပြီး တစ်ပတ်ကြာချိန်မှာတော့ ထိခိုက်ပျက်စီးမှုအခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းသိနေရပြီလို့ ကုလက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်တွေနဲ့ ရသေ့တောင်မြို့နယ်တွေဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး လူနေအိမ်ခြေတွေ ၊ ဆေးရုံဆေးခန်းတွေ ၊စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကုလ ဖော်ပြပါတယ်။

ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်ထဲက ကမ်းခြေအနီးကျေးရွာတွေဟာ ထိခိုက်မှုကြီးမားခဲ့ပြီး ကျွဲ၊နွားတွေ ဆုံးရှုံးတာရှိတယ်လို့ သိရပါတယ်။

ဒါအပြင် မုန်တိုင်းသင့်ဒေသတွေမှာ စားဝတ်နေရေးအတွက် အရေးကြီးတဲ့ ပစ္စည်းတွေပြတ်လပ်နေပြီး သောက်ရေသန့် ရဖို့ ခက်ခဲနေတယ်လို့ ကုလက ပြောပါတယ်။

ဒီလို ဘေးသင့်ပြည်သူတွေဆီ အကူအညီပေးနိုင်ဖို့အတွက် နေပြည်တော် နဲ့ဆွေးနွေးနေပြီး နှစ်ပတ်အတွင်း ရခိုင်နဲ့ ချင်းလို့ မုန်တိုင်းသင့်ဒေသတွေဆီ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးဖို့စီစဉ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က မြစ်ဝကျွန်းပေါ် ဒေသကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းမှာလည်း ကူညီထောက်ပံ့ရေးခွင့်ပြုဖို့ ကုလအတွင်းရေးမှူးချုပ်ဟာ နေပြည်တော်ကိုသွားပြီး စစ်အစိုးရထံ တောင်းခံခဲ့ရဖူးပါတယ်။