Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင်စစ်​ကောင်စီတပ်အရာရှိအချို့ ကားဖြင့် KTV သွား​စဥ်မိုင်းဆွဲခံရ

မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင်ပြီးခဲ့သည့် ဧပြီလ ၂၃ရက်က  စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ရောက်ရှိနေစဉ် တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဖားကန့်တွင်စစ်​ကောင်စီတပ်အရာရှိအချို့ ကားဖြင့် KTV သွား​စဥ်မိုင်းဆွဲခံရ
ဖားကန့်တွင်စစ်​ကောင်စီတပ်အရာရှိအချို့ ကားဖြင့် KTV သွား​စဥ်မိုင်းဆွဲခံရ

ဖားကန့်မြို့ ၊ မရှိကထောင်ရပ်ကွက်တွင် KTV သို့ သွားသည့် စစ်ကောင်စီတပ်မှအရာရှိအချို့လိုက်ပါလာသော ကားကို ယနေ့(မေလ ၂၃ရက်) နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ရာကားပျက်စီးသွားပြီးကရိန်းဖြင့် ဆွဲယူသွားကြောင်းဒေသခံများကပြောသည်။

မရှိကထောင်ရပ်ကွက် ကုန်းတက်တွင် နံနက် ၁နာရီခွဲခန့်က ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီအရာရှိအချို့လိုက်ပါလာသော ကားဖြစ်​ကြောင်း မိုးလင်းမှ သိရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ကားကလဲကျသွားတာ။ ညဘက်ကြီးဆိုတော့ရှင်းရှင်းလင်းလင်းတော့မမြင်ရဘူး။ ပေါက်ကွဲပြီး မိနစ်အနည်းငယ်အကြာမှာ ကားတစ်စီးရောက်လာပြီး လူတွေတင်ခေါ်သွားတယ်။ နောက်နာရီဝက်လောက်အကြာမှာ ကရိန်းနဲ့ဆွဲတင်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်အရာရှိအချို့အပါအဝင် ငါးဦးသည် KTV သို့သွားစဥ် စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။

” စကစအရာရှိတွေပါတဲ့ AD ဗင်ကားကို မိုင်းဆွဲတာ။ ကားက တခါတည်းထိုးရပ်သွားတယ်။ မနက် ၂နာရီမှာ ကရိန်းနဲ့ ဆွဲတင်သွားတယ်” ဟု အထက်ပါ ထောက်ပို့ရဲဘော်ကလည်း​ပြောသည်။

အဆိုပါကားမိုင်းဆွဲတိုက်ခိုက်ခံရမှု​ကြောင့် ထိခိုက်​သေဆုံးမှူအ​ခြေအ​နေကိုမူ မသိရ​သေးပါ။

မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင်ပြီးခဲ့သည့် ဧပြီလ ၂၃ရက်က  စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ရောက်ရှိနေစဉ် တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းခဲ့သည်။