Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းသင့်ဒေသတွေအတွက် ဒေါ်လာ ၁၇ သန်း အမေရိကန် ထပ်တိုးကူညီ

အခုထပ်တိုးကူညီမယ့် ဒေါ်လာ ၁၇ သန်းကိုလည်း USAID ကတဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

ဓာတ်ပုံ − အမေရိကန်သံရုံး
ဓာတ်ပုံ − အမေရိကန်သံရုံး

မုန်တိုင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ ဒေါ်လာ ၁၇ သန်း နီးပါးမြန်မာနိုင်ငံကို ထပ်တိုး ကူညီပေးသွားမယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကကြေညာအသိပေးပါတယ်။

ကနဦးက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၂ သိန်းကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ထံကတဆင့် အမေရိကန်အစိုးရက မုန်တိုင်းအပြီးရက်ပိုင်းအတွင်းမှာတင် ထောက်ပံ့ဖူးပါတယ်။

အခုထပ်တိုးကူညီမယ့် ဒေါ်လာ ၁၇ သန်းကိုလည်း USAID ကတဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

ဒီထောက်ပံ့မှုတွေဟာ မုန်တိုင်းသင့်လူထုအတွက် အရေးပေါ် နားခိုစရာ ၊ သန့်ရှင်းတဲ့ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ရာမှာ အထောက်အပံ့ဖြစ်စေမယ်လို့ သိရပါတယ်။