Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံနယ် မန်ကျည်းစုရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ကျော် မီးလောင်၊ ဒေသခံ ပြည်သူ နှစ်ဦး မီးလောင်သေဆုံး

ယနေ့ (မေလ ၂၄ ရက်) နံနက် ၁နာရီခန့်က မန်ကျည်းစုရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်ပြည်သူ တစ်ဦးကိုမူ အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(၂၀၂၁ မေလက မြင်းခြံမြို့နယ်၊ တလုပ်ဒေသတွင် စစ်ကောင်စီတပ် ဝင်ရာက်အကြမ်းဖက်နေ၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့စဥ်။ ဓာတ်ပုံ - CJ)
(၂၀၂၁ မေလက မြင်းခြံမြို့နယ်၊ တလုပ်ဒေသတွင် စစ်ကောင်စီတပ် ဝင်ရာက်အကြမ်းဖက်နေ၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့စဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မန်ကျည်းစုကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ဝင်ရောက်မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၂၄ ရက်) နံနက် ၁နာရီခန့်က မန်ကျည်းစုရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်ပြည်သူ တစ်ဦးကိုမူ အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရိုက်နှက်လို့ အောက်ပိုင်းမသွားနိုင်တဲ့ အသက် (၄၀) အရွယ် ဦးခင်မောင်ဌေး မီးထဲမှာသေဆုံးတယ်။ အသက် (၆၀)ခန့် ဒေါ်အေးကြိုင်လည်း မီးထဲမှာ သေဆုံးတယ်။ အမျိုးသားတစ်ဦးကိုတော့ အချိန်မီ ကယ်ထုတ်နိုင်တယ်လို့သိရတယ်”ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြင်းခြံခရိုင်တွင် စစ်ကောင်စီတပ်သည် မေလဆန်းပိုင်းက ဒေသခံပြည်သူ ၅၀ကျော်ကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ပြီး ငွေတောင်းခံမှုများ ပြုလုပ်ခဲ့သေးသည်။

အလားတူ စစ်ကောင်စီတပ်ကိုလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက တန်ပြန်တိုက်ခိုက်နေပြီး မေလ ၁၇ရက် ညနေပိုင်းက မြင်းခြံမြို့မှ နဘူးအိုင်ရွာသို့ ထွက်ခွာလာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား သုံးဦးသေဆုံးသွားကြောင်း မြင်းခြံ(ပ.က.ဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၃၈၆လုံး ပျက်စီးဆုံးရှုံးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။