Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ ၆ နယ်မြေထဲ ဗုံးကြဲလို့ ရွာသား ၂၀၀ ကျော် တိမ်းရှောင်နေရ

ဒီလို ထွက်ပြေးနေကြရတဲ့ ဒေသခံတွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့လည်းအသိပေးထားပါတယ်။

KNU တပ်မဟာ ၆ နယ်မြေထဲ ဗုံးကြဲလို့ ရွာသား ၂၀၀ ကျော် တိမ်းရှောင်နေရ

KNU တပ်မဟာ ၆ နယ်မြေ ဒူပလာယာခရိုင်ထဲက ပနွဲ့ဖိုးကလိုးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၂၀၀ ကျော်တိမ်းရှောင်နေကြရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ဒီနေ့မှာအသိပေးလိုက်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှုဓာတ်ပုံမှတ်တမ်းတွေကို တပါတည်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ မေလ ၂၃ ရက် ညပိုင်းမှာ ပနွဲ့ဖိုးကလိုးကျေးရွာ ဗုံးကြဲခံရတာပါ။ အဲဒီဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်းဘုရားကျောင်းနဲ့ ကျောင်းဘော်ဒါဆောင် ပျက်စီးသွားတယ်လို့သိရပါတယ်။

ဒါအပြင် လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။ဒေသခံရွာသားတွေ ထိခိုက်မှုမရှိကြပေမယ့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KHRGကဆိုထားပါတယ်။