Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေ

အဆိုပါ တိုက်ပွဲမှာ ၄နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများအဆမတန် အသုံးပြု၍ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်ခန့် လာရောက်ပစ်ကူပေးခဲ့ရသည်။

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - MBPDF)
(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - MBPDF)

▪️စစ်ကောင်စီက လေကြောင်းပစ်ကူအသုံးပြုတိုက်ခိုက်

ရှမ်း – ကရင်နီ(ကယား)ပြည််နယ်အစပ် မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူအသုံးပြုတိုက်ခိုက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မေ ၂၇ရက်) နံနက်အစောပိုင်းကစ၍ တိုက်ပွဲမှာ ပြင်းထန်နေဆဲဟု ဆိုသည်။

“၇နာရီလောက်စပြီး ဂျက်လေယာဥ်နဲ့ လာတာ။ ဗုံးချည်းပဲ ခုနှစ်ကြိမ်လောက်ရှိတယ် လောလော ဆယ်ကြဲနေတာ”ဟု မိုးဗြဲမြို့ခံတစ်ဦးက ပြောသည်။လက်ရှိ မိုးဗြဲမြို့တိုက်ပွဲမှာ ညောင်ဝိုင်းနှင့် ဆောင်းကန်း အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည်။

ထို့ကြောင့် လွိုင်ကော်-ဖယ်ခုံလမ်း၊ လွိုင်ကော်-ဆီဆိုင်လမ်းပိုင်းများကို အသုံးမပြုသေးရန် ​ဒေသခံစစ်ရေးသတင်းရင်းမြစ်များက တိုက်တွန်းသည်။

ပြီးခဲ့သည့် ဧပြီ၂၆ ရက်က မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့ကို KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည် သူ့ကာကွယ်ရေးတပ်(MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

အဆိုပါ တိုက်ပွဲမှာ ၄နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများအဆမတန် အသုံးပြု၍ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်ခန့် လာရောက်ပစ်ကူပေးခဲ့ရသည်။

ထို့အပြင် ကရင်နီတပ်ပေါင်းစု၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံးကာ နှစ်ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ MA – 1 (၄)လက်၊ MA -2 (၄)လက်၊ MA -3 (၂) လက်၊ MA-4 (၁)လက်၊ RPG-7 (၁)လက်၊ (၆၀) မမပြောင်းတို (၂ )ခု သိမ်းဆည်းရရှိခဲ့သည်။