Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်တွင်းမြို့မှာ ဆရာမ ၂ ဦး ဆွဲကြိုးဆွဲလုခံရလို့ ဆိုင်ကယ်မှောက်ပြီး ၁ ဦးသေဆုံး

တိမ်းမှောက်ရာမှာ ဆိုင်ကယ်မောင်းသူ ဆရာမ ဒေါ်ဝတ်ရည်ဝင်း ဦးခေါင်းထိခိုက်သွားခဲ့ပြီး အခြား ဆရာမ ကတော့မစိုးရိမ်ရဘူးလို့ ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့ ) ထံက သိရပါတယ်။

ဓာတ်ပုံ − ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)
ဓာတ်ပုံ − ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲက ရန်ကုန် − မန္တလေး လမ်းဟောင်းမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ကျောင်းဆရာမ ၂ ဦး ဆွဲကြိုးဖြတ်လုခံရချိန် ဆိုင်ကယ်မှောက်ပြီး ၁ ဦးသေဆုံးခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့ မေလ ၂၆ ရက် နေ့ခင်း ၂ နာရီဝန်းကျင်က ဖြစ်ပွားတာပါ။

ဆရာမ ၂ ဦးဟာ တောင်ငူမြို့ကနေ ကျောင်းသုံးပစ္စည်းတွေဝယ်ယူပြီး နေရပ် အုတ်တွင်းမြို့ ၊အင်ဒိုင်းရွာ အပြန်လမ်းမှာ လုယက်မှုကိုကြုံရတာလို့ ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့ ) ကဖော်ပြပါတယ်။

ရွာထိပ်နားအရောက်မှာ ပဲ နောက်ကနေ လိုက်လာတဲ့ ဆိုက်ကယ်စီးအမျိုးသား ၂ ဦးက ဆွဲကြိုးဆွဲလု ပြီးမောင်းပြေးရာမှာ ဆရာမ ၂ ဦးရဲ့ ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။

တိမ်းမှောက်ရာမှာ ဆိုင်ကယ်မောင်းသူ ဆရာမ ဒေါ်ဝတ်ရည်ဝင်း ဦးခေါင်းထိခိုက်သွားခဲ့ပြီး အခြား ဆရာမ ကတော့မစိုးရိမ်ရဘူးလို့ ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့ ) ထံက သိရပါတယ်။

ဦးခေါင်းထိခိုက်သွားတဲ့ ဆရာမကို တောင်ငူဆေးရုံဆီပို့ဆောင်ခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ ဆရာမ ဟာ အသက် ၄၀ ဝန်းကျင်ရှိပြီလို့သိရပါတယ်။