Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီ​ပြည်နယ်တိုက်ပွဲတွင်​မေ ၂၃ ရက်က​သေဆုံးခဲ့​သောဗိုလ်မှူး​ဇေယျာမျိုး နာ​ရေးယ​​နေ့ပြုလုပ်

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းတစ်ခုမှ ဗိုလ်မှူးဇေယျာမျိုးသည် မေလ ၂၃ရက်က သေဆုံးခဲ့သည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် ယနေ့(မေလ ၂၇ရက်) တင်ထားသည်။

(ဗိုလ်မှူး​ဇေယျာမျိုး နာ​ရေးဖိတ်စာနှင့် ​ ဒီး​မော့ဆို အ​ရှေ့ခြမ်း တွင်မေ ၁၄ မှ ၂၃ ရက်အတွင်းတိုက်ပွဲတွင်စစ်တပ်မှ ​သေဆုံးခဲ့​သော အရာရှိအချို့၏ ပစ္စတိုများကို KNDF ကပြသထားမှု။.ဓါတ်ပုံ-KNDF)
(ဗိုလ်မှူး​ဇေယျာမျိုး နာ​ရေးဖိတ်စာနှင့် ​ ဒီး​မော့ဆို အ​ရှေ့ခြမ်း တွင်မေ ၁၄ မှ ၂၃ ရက်အတွင်းတိုက်ပွဲတွင်စစ်တပ်မှ ​သေဆုံးခဲ့​သော အရာရှိအချို့၏ ပစ္စတိုများကို KNDF ကပြသထားမှု။.ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ်တွင် မေလ ၂၃ရက်က တိုက်ပွဲတစ်ခုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးသေဆုံးသွားပြီး ယနေ့( မေလ ၂၇ရက်)တွင် စစ်ကောင်စီတပ်ရင်းအတွင်း၌ နာရေးပြုလုပ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှသိရသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းတစ်ခုမှ ဗိုလ်မှူးဇေယျာမျိုးသည် မေလ ၂၃ရက်က သေဆုံးခဲ့သည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် ယနေ့(မေလ ၂၇ရက်) တင်ထားသည်။

” အငယ်ဆုံးလေးအတွက် အရင်ဆုံးရက်လည်လုပ်ပေးရလိမ့်မယ်လို့ တခါမှ အတွေးမဝင်ခဲ့မိဘူး”ဟု ဗိုလ်မှူးဇေယျာမျိုး၏ အမက ဖေ့ဘွတ်လူမှုကွန်ရက်၌ ယ‌နေ့ ရေးသားထားပြီး ရက်လည်ဆွမ်းကျွေးသည့် မှတ်တမ်းဓာတ်ပုံများ ဖော်ပြထားသည်။

” အဘလေး ကောင်းရာမွန်ရာရောက်ပါစေ”ဟုစစ်တပ်နှင့်မဘသထောက်ခံသည့် အကောင့်တစ်ခုကလည်း အထက်ပါဗိုလ်မှူးဇေယျာမျိုး၏ ရက်လည်သတင်းအောက်တွင်မှတ်ချက်ပေးထားသည်။

လူမှုကွန်ရက်ပေါ် တင်ထားသည့်နာရေးဖိတ်စာတွင် ဗိုလ်မှူးဇေယျာမျိုး၏ တပ်ရင်းအမှတ်ကိုမူ ‌ဖျက်ထားသည်။

ဗိုလ်မှူးဇေယျာမျိုးသည် မန္တလေးတိုင်းမြစ်သားမြို့နယ်ဇာတိဖြစ်ကြောင်း မြစ်သား‌ဒေသခံတစ်ဦးကပြောသည်။ ကရင်နီပြည်နယ်တ‌နေရာတွင် ဖြစ်ပွားသောတိုက်ပွဲ၌ သေဆုံးခြင်းဟု လတ်တလောကြားသိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။

(ဗိုလ်မှူး​ဇေယျာမျိုး နာ​ရေးဖိတ်စာနှင့် ​ ဒီး​မော့ဆို အ​ရှေ့ခြမ်း တွင်မေ ၁၄ မှ ၂၃ ရက်အတွင်းတိုက်ပွဲတွင်စစ်တပ်မှ ​သေဆုံးခဲ့​သော အရာရှိအချို့၏ ပစ္စတိုများကို KNDF ကပြသထားမှု။.ဓါတ်ပုံ-KNDF)
(ဗိုလ်မှူး​ဇေယျာမျိုး နာ​ရေးဖိတ်စာနှင့် ​ ဒီး​မော့ဆို အ​ရှေ့ခြမ်း တွင်မေ ၁၄ မှ ၂၃ ရက်အတွင်းတိုက်ပွဲတွင်စစ်တပ်မှ ​သေဆုံးခဲ့​သော အရာရှိအချို့၏ ပစ္စတိုများကို KNDF ကပြသထားမှု။.ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ်တွင် ​မေလအတွင်း​နေရာအများစု၌တိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေပြီး ၊ အထင်ရှားဆုံးတိုက်ပွဲမှာဒီး​မော့ဆို မြို့နယ် အ​ရှေ့ဘက်ခြမ်းရှိ ဒေါလျားခူ နှင့် တနီးလာလဲ ကျေးရွာအနီးရှိ တောင်ပေါ်တစ်ကြော သို့ အင်အားအလုံးအရင်းဖြင့်စစ် ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီပူးပေါင်းတပ်များမှ တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့​သောတိုက်ပွဲဖြစ်သည်။​မေလ ၁၄ ရက်မှ ​မေ ၂၃ ရက်အတွင်းဖြစ်ပွား​သော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၄၀ နီးပါးသေဆုံးကာစစ်သုံ့ ပန်းနှစ်ဦးနှင့် လက်နက် ခဲယမ်းများရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များထံမှ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ 9mm Pistol (၁)လက်၊ RPG (၂)လက် နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး ရန်သူသုံ့ပန်း (၂)ဦး အားအရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ကရင်နီ​တပ်​ပေါင်းစုကအသိ​ပေးထားသည်။ ထိုတိုက်ပွဲများတွင် ကရင်နီတပ်​ပေါင်းစုက ရဲ​ဘော် ၈ ဦးကျဆုံးခဲ့သည်။

“ကျွန်တော်တို့ ပထမ ရက်ပိုင်းက ခုခံစစ် လုပ်တယ်။ နောက်ပိုင်း ပြန်လှန် ထိုးစစ် ဆင်လိုက်တာ အခုဆို စစ်ကောင်စီဘက်က ထိုးစစ် ဆင်ဖို့စလုပ်ခဲ့တဲ့ တနီးလာလဲ တောင်ကြောပေါ် ပြန်ဆုတ်နေပြီ။အခု အဲဒီနေရာအထိကျွန်တော်တို့ တိုက်နေတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲများအတွင်း စစ်ကောင် စီ၏ လွိုင်ကော်၊ ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက် နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ်​ ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲခြင်း ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည့်ကြားမှ အထိနာခဲ့ခြင်းဖြစ်သည်။

ထို့အပြင်အဆိုပါတိုက်ပွဲကို ဦးဆောင်နေသည့် တပ်ရင်းမှူး နှင့် ယာယီတပ်ရင်းမှူးတို့သည် တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်ပြေး၍ ဆုတ်ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့အတင်းအကြပ်တက်ခိုင်း၍ လူသားမဆန်သော အမိန့်များ​ပေး၍ အသေခံခိုင်းနေသည်ဟု ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများက​ပြော​ကြောင်းသိရသည်။

“ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ ပြောစကားအရ အဲဒီလို ဖြစ်နေတာ။အဓိက ပြောလိုတာ စစ်ကောင်စီအနေနဲ့ သူ့တပ် သားတွေအပေါ် စေတနာမရှိသလို သူတို့အကျိုးစီးပွားအတွက်ပဲ ကြည့်နေတာ။ဒါကြောင့် အောက်ခြေက စစ် ကောင်စီ တပိသားတွေရော မိသားစု တွေအနေနဲ့ အမြန်ဆုံးစွန့်ခွာကြပါ”ဟု KNDF တာဝန်ရှိသူက​ပြောသည်။