Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတောင်ခြေ အနီးက စစ်ကောင်စီတပ် ဗုံးသီးနဲ့ ပစ်ခတ်ခံရ

ဗုံးသီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် အဖွဲ့ဝင်တွေ ဘေးကင်းစွာနဲ့ပြန်ဆုတ်လာနိုင်တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုထားပါတယ်။

၄၀ မမ ဗုံးသီးကျည်ကိုတွေ့ရစဉ် (ပုံဟောင်း)
၄၀ မမ ဗုံးသီးကျည်ကိုတွေ့ရစဉ် (ပုံဟောင်း)

မန္တလေး တောင်ခြေအနီးက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ( ၉၁၀) ကို ဒီနေ့မနက်ပိုင်းက ၄၀ မမ ဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မန္တလေးတိုင်းအခြေပြု တဲ့ ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

ခလရ ၉၁၀ ဟာ မန္တလေးတောင်ခြေနဲ့ ကုသိုလ်တော်ဘုရား အနီးမှာ တပ်တည်ထားတာပါ။

အဲဒီတပ်ကို ဒီနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်က ၄၀ မမ ဗုံးသီးနဲ့ သွားရောက်ပစ်ခတ်တာလို့ သိရပါတယ်။

ဗုံးသီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် အဖွဲ့ဝင်တွေ ဘေးကင်းစွာနဲ့ပြန်ဆုတ်လာနိုင်တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုထားပါတယ်။

သွားရောက်ပစ်ခတ်တဲ့ ရုပ်သံဖိုင်ကိုလည်း ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်