Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဒေသ(၁) ဧပြီတိုက်ပွဲများ၌ စစ်ကောင်စီတပ် ၅၀၀ ဦးကျော် သေဆုံး၊ လက်နက် ၅၀နီးပါးရဟု NUG ကာကွယ်ရေးထုတ်ပြန်

ဧပြီအတွင်းဖြစ်ခဲ့သည့် တိုက်ပွဲများအနက် ထိတွေ့တိုက်ပွဲ ၁၃၀ ကြိမ်၊ ပစ်ခတ်တိုက်ခိုက်မှု ၁၂၃ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၉၄ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၄၇ကြိမ်၊ ရန်သူလေကြောင်း တိုက်ခိုက်မှု ၂၂ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။

(နောင်ချိုတိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)
(နောင်ချိုတိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)

တော်လှန်ရေးရဲဘော် ၃၉ ဦးကျဆုံးခဲ့ဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသတွင် ဧပြီအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၅၀၀ ကျော်သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ အသိပေးထုတ်ပြန်သည်။

စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဧပြီအတွင်း တိုက်ပွဲပေါင်း ၄၁၅ ကြိမ် ဖြစ်ခဲ့ပြီး ရန်သူ ၅၂၇ ဦး သေဆုံးကာ ၈၀၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ပွဲများ၌ တော်လှန်ရေးရဲဘော် ၃၉ ဦး ကျဆုံးခဲ့ပြီး ၁၃၅ ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

ဧပြီအတွင်းဖြစ်ခဲ့သည့် တိုက်ပွဲများအနက် ထိတွေ့တိုက်ပွဲ ၁၃၀ ကြိမ်၊ ပစ်ခတ်တိုက်ခိုက်မှု ၁၂၃ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၉၄ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၄၇ကြိမ်၊ ရန်သူလေကြောင်း တိုက်ခိုက်မှု ၂၂ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။

(နောင်ချိုတိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)
(နောင်ချိုတိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)

အဆိုပါ တိုက်ပွဲများအတွင်း ရန်သူ့ထံမှ လက်နက်မျိုးစုံ ၄၉ လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ဒေသ(၁)နယ်မြေတွင် မတ်လအတွင်းကလည်း တိုက်ပွဲပေါင်း ၄၃၇ကြိမ်ဖြစ်ခဲ့ပြီး ရန်သူ ၆၁၂ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၆၀ဦး ကျဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီအတွင်းအကြီးဆုံးတိုက်ပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုတိုက်ပွဲဖြစ်သည်။ ဧပြီလ (၅)ရက်နေ့ မှ (၂၂) ရက်နေ့အထိ ၁၈ ရက်ကြာနောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသများတွင် စစ်​ကောင်စီတပ်မှ အင်အား (၉၀၀)နှင့်(၁၀၀၀) ကြားဖြင့် MDY-PDF ကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။ ခလရ(၁၄၇) ၊ ခလရ (၂၅၃) ၊ ခလရ (၂၅၈) ၊ ခမရ (၅၀၈) ၊ အမတ (၂၀၆) ၊ ခမရ(၄၁၉) ၊ ခမရ (၁၄)၊ အင်အား(၄၀)ပါ စနိုက်ဘာအထူးတပ်ဖွဲ့နှင့်ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များလည်း ပါဝင် တိုက်ခိုက် ခဲ့သည်။ (၁၈)ရက်တာ တိုက်ပွဲအတွင်း တစ်နေကုန် ရင်ဆိုင် တိုက်ခိုက်ရသော တိုက်ပွဲကြီး (၄) ကြိမ်နှင့် တိုက်ပွဲငယ် (၁၈) ကြိမ် ဖြစ်ပွါးခဲ့သည်။

ရန်သူ့တပ်ဘက်မှ Yak 130၊ MiG 29၊ SU 30၊ K8W အမျိုးအစား လေယာဉ်များ၊ Mi 35 ရဟတ်ယာဉ် များဖြင့် လေကြောင်းတိုက်ခိုက်မှု (၃၃) ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူအနေဖြင့် (၆၀)မမ ၊ (၈၁)မမ ၊ (၁၂၀) မမ ၊ (၁၅၅)မမ များ အလွန်အကျွံ အသုံးပြုခဲ့သည်။

ရန်သူ့တပ်၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးမှုများပြားကာ အရပ်သား (၇) ဦး သေဆုံး အပါအဝင် ဒဏ်ရာရသူ တစ်ချို့ ရှိခဲ့​ကြောင်း​ မန္တလေး PDFက ဖော်ပြသည်။

(နောင်ချိုတိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)
(နောင်ချိုတိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)

စစ်တပ်မှ တပ်ရင်းမှူး ​သေဆုံးခဲ့​သောဧပြီလ(၂၂)ရက်နေ့တွင်ပင်နောင်ချိုမြို့ပေါ်ရှိရန်သူ့တပ်၏ခလရ(၁၁၄)နှင့်ခလရ(၁၁၅)တို့အား ရှော့တိုက်ဒုန်း များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ(၁၁၄) တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး ရန်သူ့ တပ်သား (၅) ဦးသေဆုံးခဲ့ကာ ခလရ(၁၁၄) ဒုတပ်ရင်းမှူး သေဆုံးသည်ဟု သိရှိရသော်လည်း ဆက်လက် စုံစမ်းနေဆဲဖြစ်​ကြောင်းထုတ်ပြန်သည်။

“ဒီတစ်ခေါက် ကျွန်တော်တို့ဖော်ဆောင်တဲ့ တိုက်ပွဲကတော့ ကျွန်တော်တို့ PDF အနေနဲ့ အကြီးမားဆုံး စစ်ဆင်ရေးလုပ်ဆောင်တယ်လို့ ပြောရင်ရပါတယ်။ ဒီထဲမှာမှ ၁၆ရက်နေ့မှာ ဖော်ဆောင်တဲ့ တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ အပြင်းထန်ဆုံးလောက်သွားကြတယ်ပေါ့။ ကျွန်တော်တို့ ခံစစ်ကုန်းကနေပြီးတော့ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ထိုးလာတာကို ပြန်ပစ်တာ။ ပြန်ပစ်လို့မနိုင်ရလောက်အောင်ကို သူတို့ဘက်က အင်အားသုံးပြီးတော့ ထိုးလာတာမျိုးတွေရှိတယ်။ ၁၆ရက်နေ့က။ ပြီးတော့ လေကြောင်းနဲ့လည်း တစ်နေ့ကုန် ဗုံးကြဲတိုက်ခိုက်တာမျိုးတွေပေါ့လေ။ ၁၆ရက်နေ့တိုက်ပွဲက တော်တော်ပြင်းထန်တယ်လို့ပြောရင် ရပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး) ပြန်ကြား​ရေးတာဝန်ခံ ကို​ Osmond က​ People’s Spring သို့​ ပြောထားသည်။