Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တိုင်းတွင် နှစ်နှစ်တာအတွင်း စစ်ဆင်ရေးပေါင်း ၂,၀၀၀ ကျော်ပြုလုပ်ခဲ့ဟု တိုင်းစစ်ဒေသခွဲ အသိပေး

ရန်ကုန်တိုင်းစစ်ဒေသခွဲအနေဖြင့် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ​၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း (၅၁၀၁)ကိုဖွဲ့စည်းပြီးဖြစ်ရာ မြို့ပြပြောက်ကျားစစ်ဆင်ရေးများနှင့် တောတွင်းကျေးလက်စစ်ဆင်ရေးများကို နည်းဗျူဟာကျကျ ဟန်ချက်ညီစွာ ပေါင်းစပ်၍ တိုက်ပွဲများဖော်ဆောင်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။

(ရန်ကုန်တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများအား မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(ရန်ကုန်တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများအား မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများ။ ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်းတွင် ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာအတွင်း စစ်ဆင်ရေးပေါင်း ၂,၀၀၀ ကျော် ပြုလုပ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲက ယနေ့(ဇွန် ၃) အသိပေးထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးများကို ၂၀၂၁ မေလ ၅ ရက်မှ ၂၀၂၃ မေလ ၃၁ ရက်အထိ အထူးစစ်ဆင်ရေးအ ဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေးအင်အားစုများမှ ဆောင်ရွက်နိုင်ခဲ့​ခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြို့ပြပျောက်ကြားလှုပ်ရှားမှု အချို့အဖွဲ့က NUG/MOD ရဲ့ COCအောက်က လှုပ်ရှားကြပြီး အချို့ကတော့ သီးခြားလှုပ်ရှားကြပါတယ်။ အဖွဲ့အများစုကတော့ NUG/MODရဲ့ COCအောက်ကပါပဲ”ဟု အထက်ပါစစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်သည့် တော်လှန် ရေးအဖွဲ့အစည်းများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’ Spring သို့ ပြောသည်။

(ရန်ကုန်တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများအား မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(ရန်ကုန်တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများအား မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများ။ ဓာတ်ပုံ – CJ)

စစ်ဆင်ရေးများတွင် ရန်သူစစ်ကောင်စီမှ ဗိုလ်မှူးကြီးအဆင့်များ အပါအဝင်သေဆုံးမှု ၆၀၀ကျော်၊ ထိခိုက်ဒဏ်ရာရရှိမှု ၉၀၀ ကျော်ရှိခဲ့ပြီး စစ်ဆင်ရေးအတွင်း မတော်တဆထိခိုက်မှုများ၊ စစ်ကောင်စီ​၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် တော်လှန်ရေးရဲဘော်များမှ ကျဆုံးရဲဘော် ၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၁,၀၀၀ကျော်ရှိခဲ့ကြောင်း ဖော်ပြသည်။

ဆောင်ရွက်ခဲ့သည့်စစ်ဆင်ရေးများတွင် စစ်ရေးပစ်မှတ် ၁,၀၀၀ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် ၈၀၀ ကျော်နှင့် စီးပွားရေးပစ်မှတ် ၂၀၀ကျော်ပါဝင်ပြီး ၎င်းပစ်မှတ်များကို အထူးစစ်ဆင်ရေးလှုပ်ရှားမှု အကြိမ်ရေ (၅၀)ခန့်၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ (၅၀၀)ကျော်နှင့် ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁,၅၀၀ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။