Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းလားဆွေးနွေးပွဲအပြီး စစ်ကောင်စီက ကိုးကန့်တပ်စခန်းများအား ထိုးစစ်ဆင်နေ၍သုံးရက်ဆက်တိုက်ပွဲဖြစ်

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ဟု ခေါ်ဆိုသည့် ကိုးကန့်တပ် MNDAAနှင့် စစ်ကောင်စီတပ်တို့ မူပန်ဒေသ နှင့် ကိုးကန့်ဒေသ၌ ယခု ဇွန်လဆန်းအတွင်း တိုက်ပွဲများ ဖြစ်နေသည်ဟု MNDAAကဆိုသည်။

(MNDAA တပ်ဖွဲ့ဝင် တစ်ဦးနှင့် တိုက်ပွဲဖြစ်ပွားရာပြ​မြေပုံ-ဓါတ်ပုံ-The Kokang)
(MNDAA တပ်ဖွဲ့ဝင် တစ်ဦးနှင့် တိုက်ပွဲဖြစ်ပွားရာပြ​မြေပုံ-ဓါတ်ပုံ-The Kokang)

ကိုးကန့်တပ်မတော်(MNDAA)အပါအဝင် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မိုင်းလားမြို့၌ ဇွန်လ ၁ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် စစ်ကောင်စီက ဇွန်လ ၂ရက်မှစ၍ MNDAA တပ်စခန်းနေရာများကို လာရောက်ထိုးစစ်ဆင်နေ၍တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုMNDAAသတင်းရင်းမြစ်က ပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ဟု ခေါ်ဆိုသည့် ကိုးကန့်တပ် MNDAAနှင့် စစ်ကောင်စီတပ်တို့ မူပန်ဒေသ နှင့် ကိုးကန့်ဒေသ၌ ယခု ဇွန်လဆန်းအတွင်း တိုက်ပွဲများ ဖြစ်နေသည်ဟု MNDAAကဆိုသည်။

ဇွန်လ ၂ ရက်နေ့ နံနက်တွင် စစ်ကောင်စီတပ်က အင်အား ၇၀ ခန့်ဖြင့် မူပန်ခရိုင် ပြင်းတောင်ရွာအနီးရှိ MNDAA ယာယီတပ်စခန်းကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု MNDAA သတင်းရင်းမြစ်က ပြောသည်။

(MNDAA တပ်ဖွဲ့ဝင် တစ်ဦးနှင့် တိုက်ပွဲဖြစ်ပွားရာပြ​မြေပုံ-ဓါတ်ပုံ-The Kokang)
(MNDAA တပ်ဖွဲ့ဝင် တစ်ဦးနှင့် တိုက်ပွဲဖြစ်ပွားရာပြ​မြေပုံ-ဓါတ်ပုံ-The Kokang)

“လူအင်အား ၇၀ လောက်ရှိတဲ့ စစ်ကြောင်းက ကျနော်တို့ တိုင်းရင်းသား တပ်မဟာ(၆၁၁) ရဲ့ ယာယီတပ်စခန်းတစ်ခုကို ထိုးစစ်ဆင်တာဗျ။ အဲဒီယာယီတပ်စခန်းက ကျနော်တို့ အထူးဒေသ(၁) မူပန်ခရိုင်ထဲမှာ ထိုးစစ်ဆင်တယ်။ အဲဒီမှာ နှစ်ဖက်တိုက်ပွဲ ၁နာရီကျော်ကြာဖြစ်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှုတော့မရှိဘူး။ ကျနော်တို့ဘက်က နယ်မြေရှင်းလင်းရင်း မလုပ်ရသေးတဲ့အတွက် စစ်ကောင်စီရဲ့ ထိခိုက်ကျဆုံးမှုကို အသေးစိတ်မသိရဘူး”ဟု MNDAA သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင်ဇွန်လ ၃ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် လူအင်အား ၁၀၀ ခန့်ဖြင့် ကိုးကန့်ခရိုင် တုံရှမ်းဒေသရှိ MNDAA တပ်စခန်းတစ်ခုကို လာရောက်ထိုးစစ်ဆင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“အဲဒီတိုက်ပွဲကကျတော့ သုံးနာရီကြာလောက် ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့ပြီး ကျနော်တို့ဘက်က ဝမ်းနည်းစွာပဲ တစ်ယောက်ကျတယ်။ တစ်ယောက်ဒဏ်ရာရခဲ့တယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အသေးစိတ်မသိရဘူး။ နောက်တစ်ခုက သတင်းအချက် အလက် အသေးစိတ်တော့ ကျနော်ဆီရောက်မလာသေးဘူး။ ဒီနေ့ မနက် ၁၁နာရီလောက်ကတည်းက ကိုးကန့်ခရိုင်ထဲမှာပဲ ရှိရှမ်းဒေသဆိုတာရှိတယ်။ အဲဒီမှာ သေနတ်သံတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောတယ်။ အခုထက်ထိ ပြင်းထန်နေဆဲပဲလို့ သတင်းရထားတာရှိတယ်” ဟု MNDAA သတင်းရင်းမြစ်က ယနေ့ မွန်းလွဲပိုင်း၌ ပြောသည်။

ထို့​ကြောင့်ဇွန်လ ၂ရက်မှ ဇွန်လ ၄ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ စစ်ကောင်စီတပ်က MNDAA တပ်စခန်းရှိရာကို ထိုးစစ်ဆင်လာ၍ဖြစ်သည်ဟုသိရသည်။

“တမင်သပ်သပ်ထိုးစစ်ဆင်တာပါ။ ဒါက တပ်စခန်းကို လာထိုးတယ်ဆိုတာ တမင် ရည်ရွယ်ချက်ရှိရှိနဲ့လာထိုးစစ်ဆင်တာပါ။ ဒါကတော့ ကျနော့်အမြင်ကတော့ ဒါက ဖြစ်နေကြပါပဲ။ ဒီဆွေးနွေးပွဲ(ဇွန်လ ၁ရက်က မိုင်းလား၌ ပြုလုပ်ခဲ့သည့် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီ၏ ဆွေးနွေးပွဲ) မဟုတ်ဘဲနဲ့ စစ်အာဏာမသိမ်းခင်မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာလည်း ကျနော်တို့ကို အမြဲတမ်း ထိုးစစ်လာဆင်တယ်။ ဒါက သူတို့ လုပ်နေကျပါ”ဟု MNDAA သတင်းရင်းမြစ်က ပြောသည်။

ယခု တစ်ခေါက် တိုက်ပွဲမှာ ဆွေးနွေးပွဲ အပြီးထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

ယနေ့မနက်တွင် ရှိရှမ်းဒေသ ကြာကျည်ရှူနေရာတွင်အခြေချနေထိုင်သော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ကျန်တစ်ရှမ်းဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊နှစ်ဦးနှစ်ဘက်ပစ်ခတ်တိုက်ခိုက်သောနေရာအနီး တာခုတ်ကျည်နေရာတွင် အာဏာ သိမ်းစစ်ကောင်စီတပ်ဖွဲ့မှ သွားလာရာကားလမ်းကြောင်းကိုပိတ်ဆို့တားမြစ်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။ ထို့ပြင် ယနေ့သည် တာရွှေထန် စျေးနေ့ ဖြစ်ရာ တာရွှေထန်သို့ လာရောက်စျေးဝယ်သော အရပ်သားများသည် ရွာပြန်ချိန်တွင် တားမြစ်ပိတ်ဆို့ခံထားရသည်ဟု အသိပေးဖော်ပြထားသည်။

တရုတ်အစိုးရ၏ဖိအား​ပေးမှုဖြင့် စစ်ကောင်စီနှင့် MNDAAအပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲတို့၏ဆွေးနွေးပွဲမှာ နိုင်ငံရေး သဘောတူညီချက်မရဘဲ ဇွန်၂ ရပ်တွင်ရပ်နားလိုက်ကြောင်းသိရသည်။

ဇွန်လ ၁ ရက်နေ့ ကရှမ်းပြည်နယ်မိုင်းလားမြိုတွင်စတင်ခဲ့သာဆွေးနွေးပွဲမှာဇွန် ၂ ရက်တွင် စစ်ကောင်စီကနိုင်ငံရေးကိစ္စများ အား ဆွေးနွေးလိုသော်လည်းညီနောက်မဟာမိတ်အဖွဲကမဆွေးနွေးလိုသည့်အတွက် ဆွေးနွေးပွဲရပ်နားခဲ့ခြင်းဖြစ်သည်ဟုပါဝင်​ဆွေး​နွေးသူအချို့ထံမှ သိရသည်။

ဇွန်လ ၁ရက်ဆွေးနွေးပွဲတွင် ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ​သော ပြည်ထောင်စု တည်ဆောက်ရေး၊တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေး ၊ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး ၊ မတရားအသင်းမှ ပယ်ဖျက်ရေးနှင့် မိုခါမုန်တိုင်း ဒဏ်သင့် ပြည်သူ‌ များကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ အမြန်ဆုံး ရောက်ရှိရေးတို့ဆွေးနွေးခဲ့ကြသည်ဟု စစ်​ကောင်စီကထုတ်ပြန်သည်။သဘောတူညီမှုရ၊မရကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိ​ပေ။

AA ၊ MNDAAနှင့် TNLA တို့က စစ်​ကောင်စီ​ဆွေး​နွေးလို​သောနိုင်ငံ​ရေးကိစ္စများမ​ဆွေး​နွေးဘဲ ၊ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေး ၊ မတရားအသင်းမှ ပယ်ဖျက်ရေးနှင့် မိုခါမုန်တိုင်း ဒဏ်သင့် ပြည်သူ‌ များကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအမြန်ဆုံး ရောက်ရှိရေး ​ဆွေး​နွေးချကိအ​ပေါ် စစ်​ကောင်စီက ထိုအချက်များ

ကို​ဆွေး​နွေးသ​ဘောတူရန် ​မြောက်ပိုင်းသုံးဖွဲ့က NCA လက်မှတ်​ ဦးစွာရေးထိုးရမည်ဖြစ်​ကြောင်း ​ပြောခဲ့သဖြင့် ​ဆွေး​နွေးပွဲ ညှိနှိုင်းမရဘဲဇွန် ၂ ရက်မှာပင်ရပ်နားသွားခဲ့ခြင်းဖြစ်​ကြောင်း People’s Spring ကစုံစမ်းသိရသည်။