Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒုံသမိတံတားစစ်ဆင်ရေး ကြီးမားသည့်ထိရောက်မှုရှိခဲ့ဟု KNLA တပ်မှူးပြော

KNU ဦး​ဆောင်​​သောပူ​ပေါင်းတပ်က လျှပ်တပြက်တိုက်ခိုက်မှုတွင် စစ်​ကောင်စီစစ်သားများ၊ရဲများ ၊BGF များအငိုက်မိပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ - KNLA၊CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကရင်ပြည်နယ်၊ဖားအံမြို့နယ်နှင့် မွန်ပြည်နယ် သထုံမြို့နယ်အစပ်ရှိ ဒုံသမိတံတားရှိ စစ်ကောင်စီတပ်နှင့်ရဲများ၏ စစ်​ဆေးဂိတ်နှစ်ခုစလုံးနှင့် စစ်ကူလာ​သောစစ်သားများကို တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှသေဆုံးထိခိုက်များပြားခဲ့ကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးက ပြောသည်။

ကရင်နှင့် မွန်ပြည်နယ်အစပ်ရှိ ဒူးရင်းဆိပ်ရွာအနီးရှိ ဒုံသမိတံတားဂိတ်နှစ်ဂိတ်စလုံးကို KNLA ​ဦး​ဆောင်​သောပူးပေါင်းတပ်က ဇွန်လ ၁ရက် နံနက်အစောတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က စစ်သား၊ ရဲနှင့် နယ်ခြားစောင့်တပ်(BGF)များအပါအဝင် စုစု​ပေါင်း (၄၀ ) ဝန်းကျင်​သေဆုံးပြီးအရာရှိများလည်းပါဝင်သည်ဟုသိရ သည်။

ဒုံသမိတံတား မွန်ပြည်နယ်ဘက်အခြမ်းဂိတ်နှင့် ကရင်ပြည်နယ်ဘက်အခြမ်းဂိတ်ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့ကိုပါ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်မှူးက ပြောသည်။

v(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ – KNLA၊CJ)

“ပြောမယ်ဆိုရင် ရိုးရိုးစစ်ဆင်ရေးထက် ထိရောက်မှုက နည်းနည်းကြီးကြီးမားမားရှိတဲ့ စစ်ဆင်ရေးပေါ့။ ထိတွေ့ပုံစံဖြစ်တာမဟုတ်ဘူး။ ကျနော်တို့ တကယ့် ဒီစစ်ဆင်ရေးတစ်ခုကို စီမံချက်ရှိရှိနဲ့လုပ်သွားတာ။ အဘက်ဘက်ကနေ ကြိုးစားပြီးလုပ်သွားတာ။ အဲဒီမှာလည်း ကားနဲ့လည်း မိုင်းအနေနဲ့လုပ်ထားတာရှိတယ်။ ကားကတော့ ကျနော်တို့ဘက်ကမိုင်းတပ်ဆင်ထားတော့ ဖောက်ခွဲလိုက်တော့ ကားနှစ်စီးတော့ အဆုံးရှုံးခံရတာပေါ့။ ကျွန်​တော်တို့က စုဖွဲ့ပြီး စစ်ကြောင်းသဏ္ဍန်လုပ်ပြီး စစ်ဆင်ရေးတစ်ခုအနေနဲ့ စီမံချက်ဆွဲပြီးလုပ်တာပါ”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကို ကားမိုင်းဖြင့် တိုက်ခိုက်ရာ၌ ဒုံသမိဂိတ် မွန်ဘက်အခြမ်း၌ တစ်စီး၊ ကရင်ဘက်အခြမ်း၌ တစ်စီး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ – KNLA၊CJ)

“ထိရောက်မှုက တော်တော်ကောင်းတယ်။ ထိရောက်မှုက စစ်ကူလိုက်တဲ့အဖွဲ့တွေရော ပစ်မှတ်ထားတဲ့ နေရာတွေရော အကုန်လုံးက ထိရောက်မှုရှိတယ်”ဟု KNLA တပ်မှူးကရှင်းပြ သည်။

မွန်ဘက်အခြမ်းရှိစစ်​ဆေး​ရေးဂိတ်အားတိုက်ခိုက်မှုတွင် ဒုရဲမှူးအပါအဝင် ရဲ ခုနစ်ဦး၊ ကရင်ဘက်အခြမ်းတွင် စစ်ကောင်စီတပ်မှ ၂၅ဦး၊ စစ်ကူလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ရှစ်ဦးနှင့် စစ်ကူလာသည့် BGF တပ်ကို တိုက်ခိုက်ရာ ငါးဦး သေဆုံးထိခိုက်ရှိခဲ့သည်ဟုဆိုသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ သေဆုံးထိခိုက်ခဲ့ကြောင်း KNLA တပ်မှူးက ပြောကြားသည်။ ယင်းတိုက်ခိုက်မှုအပေါ် KNUနှင့် KNLA ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပ။

“စစ်ဆင်ရေးက ရံဖန်ရံခါဖြစ်လာမှာပဲ။ ပြောက်ကျားစနစ်ကလည်း အဆက်မပြတ်ဖြစ်လာမှာပဲ။ မိုင်းဆွဲတာတို့ ဘာတို့ ရှိတယ်။ ရှိတဲ့အခါ တခါတခလေ ပြည်သူတွေထိခိုက်နစ်နာမှုရှိတယ်။ ရှိတဲ့အခါကျတော့ အဲဒါတွေ အတက်နိုင်ဆုံးရှောင်ရှားခိုင်းတယ်။ နောက်ပြီးတော့ ပြည်သူလူထုကို ပြောလိုတာကအသွားအလာတွေ သတိဝိရိယသွားဖို့လိုတာပေါ့”ဟု KNLA နယ်မြေခံတပ်မှူးက ပြောသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ရဲဘော်အချို့ ကျဆုံးထိခိုက်ရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဥ် ကျယ်​လောင်​သောပစ်ခတ်သံများကိုကြားရ​ကြောင်း​ဒေသခံများက​ပြောသည်။ စစ်တပ်ကအတိုက်ခံရပြီး​နောက်သထုံခရိုင်အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး များဖြင့်ပစ်ကူ ပေးခဲ့ရာ ဒူးရင်းဆိပ်ကျေးရွာနှင့်အနီးအနားရွာများသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ဒူးရင်း ဆိပ်ကျေး ရွာရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုလည်းရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ – KNLA၊CJ)

ထို့အပြင် တိုက်ပွဲဖြစ်ပွား​နေစဥ် ခရီးသွားပြည်သူ(၃)ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီးလက်နက်ကြီး ကျရောက်မှုကြောင့် ဒူးရင်းဆိပ်ကျေးရွာဆေးပေးခန်း ပျက်စီးခဲ့ကြောင်းလည်း ဒေသတွင်းမီဒီယာအချို့ကဖော်ပြသည်။

KNU ဦး​ဆောင်​​သောပူ​ပေါင်းတပ်က လျှပ်တပြက်တိုက်ခိုက်မှုတွင် စစ်​ကောင်စီစစ်သားများ၊ရဲများ ၊BGF များအငိုက်မိပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနအချို့ကမူ အင်အား ၂၀၀ခန့်ရှိ KNU/PDF ပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်၍ ရဲအချို့ ဒဏ်ရာရခဲ့ကြောင်းသာ ဖော်ပြထားပြီး စစ်ကောင်စီတပ်သား၊ ရဲနှင့် BGFများ သေဆုံးမှုကို ဖော်ပြမထားပေ။