Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကိုးကန့်မှာ စစ်ကောင်စီတပ်ထိုးစစ်ဆင်လို့ MNDAA နဲ့တိုက်ပွဲဖြစ်နေ

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)တို့ ဇွန်လ ၁ ရက်ကစလို့ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ The Kokang(ကိုးကန့်သတင်းမီဒီယာ) ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ တရုတ်ရဲ့ ကြားဝင်ပေးမှုနဲ့ ဒီလဆန်းမှာ MNDAA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပေမယ့် တချိန်တည်းမှာ ကိုးကန့်ဒေသကို ထိုးစစ်ဆင်နေခဲ့ပါတယ်။ ဇွန်လ လဆန်းမှ ဒီနေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဟာ မြန်မာအမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)တို့နဲ့ အထူးဒေသ(၁) မူပန်ဒေသ၊ ကိုးကန့်ဒေသထဲမှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ The Kokang က ဖော်ပြပါတယ်။

▪️ဒုံသမိတံတားစစ်ဆင်ရေး ကြီးမားတဲ့ထိရောက်မှုရှိခဲ့ဟု KNLA တပ်မှူးပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နဲ့ မွန်ပြည်နယ် သထုံမြို့နယ်အစပ်ရှိ ဒုံသမိတံတားရှိ စစ်ကောင်စီတပ်နဲ့ ရဲများရဲ့ စစ်​ဆေးဂိတ်နှစ်ခုစလုံးအပြင် စစ်ကူလာ​တဲ့စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်များပြားခဲ့တယ်လို့ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးက ပြောပါတယ်။

(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ – KNLA၊CJ)

ကရင်နဲ့ မွန်ပြည်နယ်အစပ်ရှိ ဒူးရင်းဆိပ်ရွာအနီးရှိ ဒုံသမိတံတားဂိတ်နှစ်ဂိတ်စလုံးကို KNLA ​ဦး​ဆောင်​တဲ့ ပူးပေါင်းတပ်က ဇွန်လ ၁ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်(BGF)များအပါအဝင် စုစု​ပေါင်း(၄၀ )ခန့် ​သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ရိုးရိုးစစ်ဆင်ရေးထက် ထိရောက်မှုက နည်းနည်းကြီးကြီးမားမားရှိတဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ KNLA တပ်မှူးက ပြောပါတယ်။

v(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဒုံသသတိုက်ပွဲပြီး​နောက်မြင်ကွင်းနှင့် တံတားတည်​နေရာ​Google Maoမြေပုံ ။ဓာတ်ပုံ – KNLA၊CJ)

▪️ဖယ်ခုံတိုက်ပွဲဆက်လက်ပြင်းထန်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိတယ်လို့ ဒေသတွင်းပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF(တပ်ရင်းအမှတ်-၁၀၀၂)နဲ့အတူ KNDF၊ PDF-လွိုင်​ကော်၊ ဒီ​မော့ဆို-PDFs စစ်ကြောင်း၊ ဒီး​မော့ဆို Local-PDFs စစ်ကြောင်း၊ မိုးဗြဲPDF (1001 နှင့် 1007)၊ တပ်ရင်းအမှတ် 1008၊ 1009၊ 1003၊ KRU၊ နေပြည်​တော်-PDF တပ်ရင်း နဲ့ အလယ်ပိုင်းတိုင်း အထူးတပ်ဖွဲ့တို့စုပေါင်း ခုခံတိုက်ခိုက်နေတာပါ။ မနေ့က ဖယ်ခုံမြို့အနီး လွိုင်လင်လေးအခြေစိုက် အမှတ်(၅၃၀)ခြေမြန်တပ်ရင်းမှ လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်သား(၃) ဦးကို ဖယ်ခုံအခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်(၁၀၀၆) တပ်ရင်းမှ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ၊ စစ်ကြောင်းမှူးများအပါအဝင် စုစုပေါင်း ၆၂ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားပါတယ်။

(စက်တော်ရွာတောင်ပေါ် ဘုရားအနီး တိုက်ပွဲဖြစ်ပွား​တွင် ​စစ်တပ်ကိုတိုက်ခိုက်​နေ​သော ဒီး​မော့ဆို Local PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- DMI Local PDF)
(စက်တော်ရွာတောင်ပေါ် ဘုရားအနီး တိုက်ပွဲဖြစ်ပွား​တွင် ​စစ်တပ်ကိုတိုက်ခိုက်​နေ​သော ဒီး​မော့ဆို Local PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- DMI Local PDF)

▪️ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၆ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU သထုံခရိုင်က သတင်းထုတ်ပြန်ပါတယ်။ မေလ ၃၁ ရက်ညပိုင်းက စစ်ကောင်စီတပ်ရဲ့ ကျိုက်ထိုအခြေစိုက်(တပ်မ၄၄)လက်အောက်ခံ (ခလရ-၂)မှ လက်နက်ကြီးပစ်ခတ်ခဲ့လို့ လှည်းလမ်းကူးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် ကလေးငယ်သုံးဦးပါဝင်တယ်လို့ ဖော်ပြပါတယ်။

(ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စိတပ်သားများအား ၂၀၂၂က တွေ့ရစဥ်။ ဓာတ်ပုံ - Thoo Lei News)
(ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စိတပ်သားများအား ၂၀၂၂က တွေ့ရစဥ်။ ဓာတ်ပုံ – Thoo Lei News)

▪️မုံရွာတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး အသတ်ခံရ၊ ဆားလင်းကြီးမှာ ရဲဘော်သုံးဦး ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအပါအဝင် သုံးဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့နယ်၊ ခင်မွန်ဘက်စုံခြံ ခမရ(၇၀၄)မှ စစ်ကောင်စီတပ်နဲ့ တောပုကျေးရွာမှ ပျူစောထီးများဟာ နဂါးတွင်းကျေးရွာသို့ ဝင်ရောက်ချိန် စစ်ကူသွားတဲ့ ဒဿ PDF ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဒဿ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးကာ သတ်ဖြတ်ခံရတာလို့ ဒေသတွင်း PDF ရဲဘော်များက ပြောပါတယ်။ မေလ ၃၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ဝင် ကိုဗန့်ဂျီကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆားလင်းကြီး(ပအဖ)က ဆိုပါတယ်။

(အာဏာသိမ်းကာလအစောပိုင်းက မုံရွာမြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနေသည့် စစ်ကောင်စီတပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(အာဏာသိမ်းကာလအစောပိုင်းက မုံရွာမြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနေသည့် စစ်ကောင်စီတပ်အား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

▪️ကျပ်သိန်းသုံးထောင်ကျော် လိမ်လည်သူနှစ်ဦးကို တရားခံပြေးအဖြစ် ပုလဲ(ပအဖ) ကြေညာ

မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ဖို့ စေလွှတ်ပို့ဆောင်ပေးမယ်ဆိုကာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပြည်သူများထံမှ ကျပ်သိန်းသုံးထောင်ကျော် လိမ်လည်သွားသူနှစ်ဦးကို တရားခံပြေးအဖြစ် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ကြေညာပါတယ်။ ပုလဲမြို့နယ်၊ မဲဇရပ်ကျေးရွာနေ အောင်ဇော်ထွန်းဟာ တစ်ဦးလျှင် ကျပ် ၃၈ သိန်းဖြင့် မလေးရှားမှာ အလုပ်လုပ်ကိုင်ဖို့ စေလွှတ်ပို့ဆောင်ပေးမယ်ဆိုပြီး ပြည်သူများထံမှ ကျပ်သိန်း ၃,၀၀၀ ကျော် လိမ်လည်ယူကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ပုလဲ(ပအဖ)က ပြောပါတယ်။ မြို့နယ်(ပအဖ)နဲ့ (ပကဖ)ရဲ့ စုံစမ်းချက်အရ အောင်ဇော်ထွန်းကို စေခိုင်းသူမှာ ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ ရဲမွန် ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

(ကျပ် သိန်းသုံးထောင်ကျော်လိမ်လည်သွားသူ နှစ်ဦးအား၏ ရုပ်ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ (ပအဖ))
(ကျပ် သိန်းသုံးထောင်ကျော်လိမ်လည်သွားသူ နှစ်ဦးအား၏ ရုပ်ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ (ပအဖ))