Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတာရှည်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို PDF တပ်များ တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုတွင် တိုက်ပွဲချိန် ၂နာရီခန့် ကြာမြင့်ခဲ့ရာ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ မြစ်ကူးတံတားရှိ စစ်တပ်ဂိတ်နှင့် ခလရ – ၈၄ (ဆွာ)တို့မှ ဆယ်တော်၊ ဒေါင့်အင်းကုန်း၊ ဂွေးသဲကျေး ရွာများသို့ လက်နက်ကြီးပစ်ကူပေးခဲ့​သည်ဟု တပ်ခွဲ (၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပဲခူး PDF)
(တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပဲခူး PDF)

▪️စစ်တပ်က လက်နက်ကြီးရမ်းပစ်၍ ပြည်သူသုံးဦးထိခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၃ ရက် ညနေ ၃ နာရီခန့်က တောင်ငူခရိုင်၊ ရေတာရှည်မြိုနယ်၊ ဒေါင့်အင်းကုန်းကျေးရွာအုပ်စု၊ ကြာအင်းကုန်းကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်တောကျေးရွာ ဘုန်းကြီးကျောင်းအနီး သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၄ )၊ တပ်ခွဲ (၆)တို့က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် တိုက်ပွဲချိန် ၂နာရီခန့် ကြာမြင့်ခဲ့ရာ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ မြစ်ကူးတံတားရှိ စစ်တပ်ဂိတ်နှင့် ခလရ – ၈၄ (ဆွာ)တို့မှ ဆယ်တော်၊ ဒေါင့်အင်းကုန်း၊ ဂွေးသဲကျေး ရွာများသို့ လက်နက်ကြီးပစ်ကူပေးခဲ့​သည်ဟု တပ်ခွဲ (၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များဘက်မှ အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ၍ အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ကြောင်း တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲက ဆိုသည်။

Public Service Announcement
Public Service Announcement

“(စစ်တပ်ထိခိုက်သေဆုံးစာရင်း)မသိရသေးဘူးဗျ။ နောက်ထပ် စစ်ရေးတင်းမာနေသေးလို့”ဟု တပ်ခွဲ (၆)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသော စစ်ကောင်စီတပ်က ယင်းနေ့(ဇွန် ၃) ည ၁၀ နာရီခန့်တွင် ခလရ-၈၄ (ဆွာ)မှ (၁၂၀) မမ လက်နက်ကြီးဖြင့် သုံးချက်ရမ်းသမ်းပစ်ခတ်ရာ ဂွေးသဲကျေးရွာရှိ နေအိမ် သုံးလုံးကို ထိမှန်ခဲ့ပြီး နေအိမ် တစ်လုံးမှာ တိုက်ရိုက်ထိမှန်ခဲ့သောကြောင့် သားအမိ သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ အတွင်းလူနာအဖြစ်ပို့ဆောင် ကုသထားရကြောင်း စုံစမ်းသိရသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စစ်ကောင်စီနှင့်၎င်း၏ထောက်တိုင်များအား စစ်ဆေးပစ်မှတ် များအဖြစ် တိုက်ခိုက်ခြေမှုန်းလျှက်ရှိရာ ပြီးခဲ့သည့် မေလ၃၁ ရက် ညနေပိုင်းက တောင်ငူအခြေစိုက် အမှတ် (၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ဆိုသူကို တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၆)မှ ရဲဘော်များက အမြန်လမ်းတစ်နေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့သည်။