Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ရာဇဝတ်ဂိုဏ်းမုံးကိုးပြည်သူ့စစ်အဖွဲ့ဝင်များကိုMNDAAထောင်ဒဏ်ချမှတ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့

စစ်အဖွဲ့ဝင်များပါဝင်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးကိုးဒေသမှာ စစ်ကောင်စီလက်အောက်ခံရဲများနဲ့ ပူးပေါင်းပြီး ပြည်သူများကို ဖမ်းဆီး ရောင်းချခဲ့တဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်များကို ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်လိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့(MNDAA)က ဒီ​နေ့ထုတ်ပြန်ပါတယ်။ ကျူးလွန်ခဲ့သူတွေထဲ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်တယ်လို့ ဖော်ပြပါတယ်။ မနေ့က မြန်မာနိုင်ငံရှမ်းပြည်အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံးမှ မုံးကိုးခရိုင် ပန်းဆိုင်ဒေသနဲ့ ဘေးပတ်လည်ဒေသရှိ လက်နက်ကိုင် ပြန်ပေးဆွဲခြင်းနဲ့ လူသတ်တဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့ကို ဥပဒေအရ တရားစီရင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရာဇဝတ်ဂိုဏ်းအဖွဲ့များဟာ အမှုများကို သီးသန့်ကျူးလွန်သကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ရှိ ပန်းဆိုင်ရဲတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းကျူးလွန်ခဲ့တာလည်းရှိတယ်လို့ ထွက်ဆိုပါတယ်။

(MNDAA က ရာဇဝတ်မှုကျူးလွန်သူများကို ပစ်ဒဏ်ချမှတ်​နေစဥ်။ဓါတ်ပုံ-MNDAA)
(MNDAA က ရာဇဝတ်မှုကျူးလွန်သူများကို ပစ်ဒဏ်ချမှတ်​နေစဥ်။ဓါတ်ပုံ-MNDAA)

▪︎ကရင်နီပြည်မှာဒီး​မော့ဆိုမြို့နယ်မှာတိုက်ပွဲအများဆုံးဖြစ်

ကရင်နီပြည်နယ်မှာ ၂ နှစ်တာကာလအတွင်း ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲ​ပေါင်း ၃၄၀ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ လွိုင်ကော်မြို့နယ်မှာ ၁၆၂ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၁၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်မှာ ၁၇၀ ကြိမ် ၊ ပင်လောင်းမြို့နယ်မှာ ၄၉ ကြိမ်၊ ဘောလခဲမြို့နယ်မှာ ၆၇ ၊ ရှားတောမြို့နယ်မှာ ၂၂ ကြိမ်၊ ဖားဆောင်းမြို့နယ် နှစ်ကြိမ်၊ မယ်စဲ့မြို့နယ်မှာ လေးကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

(ကရင်နီပြည် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်၊ ကရင်နီတပ်ပါင်းစုနှင့် စစ်တပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(ကရင်နီပြည် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်၊ ကရင်နီတပ်ပါင်းစုနှင့် စစ်တပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

ဒီး​မော့ဆို မြို့နယ်အ​ရှေ့ပိုင်းကို စစ်တပ်က အဓိကပစ်မှတ်ထားတိုက်ခိုက်​နေပြီး ဗျူဟာအရအ​ရေးပါ​တာ​ကြောင့် ဖြစ်​တယ်လိို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောဆိုထားပါတယ်။ လတ်တလောမှာ မိုးဗြဲ၊ ဖယ်ခုံတို့မှာပါ တိုက်ပွဲပြင်းထန်​နေပြီး စစ်​ရေးပိုကျယ်ပြန့်လာနေပါတယ်။

(ကရင်နီပြည် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်၊ ကရင်နီတပ်ပါင်းစုနှင့် စစ်တပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)
(ကရင်နီပြည် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်၊ ကရင်နီတပ်ပါင်းစုနှင့် စစ်တပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNDF)

▪︎ပဲခူး နတ်သံကွင်းမှာတိုက်ပွဲဖြစ်ပြီး စစ်တောင်းမြစ်ကူးတံတား မိုင်းထိ ကျိုးကျ

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းဒေသမှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တောင်းမြစ်ကူးတံတား မိုင်းထိကာ ကျိုးကျသွားတယ်လို့ နတ်သံကွင်း ဒေသခံတစ်ဦးက ပြောပါတယ်။ နတ်သံကွင်းနယ်မြေရဲစခန်းနဲ့ တပ်စခန်းတွေကို ပြည်သူ့ကာကွ​ယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်တိုက်သွားတာလို့ သိရပါတယ်။ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းဒေသကိုဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား မိုင်းထိပြီး ကျိုးကျသွားတယ်လို့ နတ်သံကွင်းဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။ ဒီနေ့မနက်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးခဲ့ပါတယ်။

ပဲခူး နတ်သံကွင်းမှာတိုက်ပွဲဖြစ်ပြီး စစ်တောင်းမြစ်ကူးတံတား မိုင်းထိ ကျိုးကျ
ပဲခူး နတ်သံကွင်းမှာတိုက်ပွဲဖြစ်ပြီး စစ်တောင်းမြစ်ကူးတံတား မိုင်းထိ ကျိုးကျ

▪︎မုန်တိုင်းသင့် ချင်းပြည်သူများအတွက် KIOက CNFထံ ကျပ်သိန်းနှစ်ထောင် လှူဒါန်း

မိုခါမုန်တိုင်းကြောင့် လေဘေးဒဏ်ရင်ဆိုင်နေကြရတဲ့ ချင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ကျပ်သိန်းနှစ်ထောင် ပေးအပ်လှူဒါန်းလာတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)က မနေ့က သတင်းထုတ်ပြန်ပါတယ်။ ချင်းလဲန်ပြည်သူများကို စာနာထောက်ထားပြီး ညီရင်းအကို စိတ်ဓာတ်နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ပါဝင်လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် အိမ်ခြေ၊ စာသင်ကျောင်း၊ ကျန်းမာရေးအဆောက်အဦး၊ ဘာသာရေးအဆောက်အဦး၊ စပါးကျီအပါအဝင် အဆောက်အဦး ၃,၃၀၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး စားနပ်ရိက္ခာ၊ အမိုးအကာများ လိုအပ်နေပါတယ်။

▪︎ပေါက်မြို့နယ်မှာ စစ်ကောင်စီရိက္ခာသယ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့မှ စစ်ကောင်စီ​ရဲ့ ရိက္ခာသယ်ယာဥ်တန်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ပေါက်မြို့မှ ရိက္ခာသယ်လာတဲ့ ယာဉ်တန်းနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ ဆိုင်ကယ်များကို တိုက်ခိုက်ခဲ့ရာ အနီးကပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၃ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ညက အလောင်းလာကောက်ခြင်း၊ ထိခိုက်ပျက်စီးတဲ့ကားများကို လာရောက်သယ်ယူခြင်းများ ပြုလုပ်ပြီး ပေါက်နဲ့ပခုက္ကူမြို့နယ်ဘက်သို့ ထွက်ခွာသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

▪︎ခင်ဦးနယ် ကံသစ်ရွာကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးပြီး နေအိမ် ၆၅ လုံးမီးလောင်ပြာကျကာ စစ်ရှောင်အဘွားအိုတစ်ဦးလည်း အမောဖောက် သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လ ၁ ရက်ကစလို့ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ ဇွန်လ ၄ ရက် ညနေပိုင်းက ကံသစ်ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၅ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကံသစ်ကျေးရွာကို လေးကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။

▪︎တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ရှိလာ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တောင်ဘက်စွန်း တနင်္သာတိုင်းမှာ ပြီးခဲ့တဲ့ မေလကုန်ထိ စစ်ဘေးရှောင်ပြည်သူ ဦးရေ ၃၀,၀၀၀ ကျော်ရှိလာပါပြီ။ မေလထဲမှာ တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု အားကောင်းလာသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိလာပြီးနောက် စစ်ရှောင်ဦးရေဟာ လျော့ကျသွားတာမရှိဘူးလို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကဆိုပါတယ်။ တနင်္သာရီတိုင်းမှာ မြို့နယ် ၁၀ မြို့ရှိတဲ့အနက် မြို့နယ် ၆ ခုမှာ စစ်ဘေးရှောင်ရတဲ့ပြည်သူတွေ ရှိလာတာပါ။

▪︎စစ်​ကောင်စီက နိုင်ကျဉ်းများအားစစ်ဆင်ရေးပြုလုပ်ကာ အကြမ်းဖက်သတ်ဖြတ်​နေတယ်လို့နိုင်ကျဉ်းများထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသား​တွေကိုစစ်ဆင်ရေးပြုလုပ်ပြီး​တော့ အကြမ်းဖက်သတ်ဖြတ်တဲ့အစီအစဉ်ကိုပြုလုပ်နေလို့ နိုင်ကျဥ်းကျဥ်းသားများက အသိပေးထုတ်ပြန်ပါတယ်။

“မေလ (၂၁)ရက်နေ့ကစလို့ စစ်ကောင်စီဟာ အကျဥ်းထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတွေကို စစ်ဆင်ရေးတွေ စလုပ်တယ်။ ၉ရက်အတွင်း အကျဉ်းထောင် (၃)ခုမှ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြင်ပသို့ ခေါ်ထုတ်တယ်။ ၂ဦးကို သတ်ဖြတ်ပြီး ကျန်သူတွေကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်တယ်။ သည်ရက်ပိုင်းမှာ နောက်ထပ်အကျဥ်းထောင်တွေ တစ်ခုပြီးတစ်ခု ဝင်ရောက်အကြမ်းဖက်မယ်။ နိုင်ငံရေးအကျဥ်းသားတွေကို အပြင်ခေါ်ထုတ်မယ်။ ရိုက်နှတ်သတ်ဖြတ်မယ်။ ဒါဟာ လုပ်ကိုလုပ်မယ့် အစီအစဥ်ဖြစ်တယ်”လို့ အကျဉ်းထောင်တွင်းနိုင်ငံရေးအကျဉ်းသား​တွေက​ပေးပို့လာတဲ့စာမှာရေးသားထားပါတယ်။ ဒါအပြင် “ဒီနေ့ နိုင်ငံရေးအကျဥ်းသားတွေ ဆန္ဒပြမယ်။ ဘာမှမစွမ်းဆောင်နိုင်မယ့်အတူတူ UN,ICRC,AI အဖွဲ့တွေ စစ်ကောင်စီရဲ့ လူသတ်ပြဇာတ်ကို အထူးတန်းက ဆက်ကြည့်ပါ။ အကျဥ်းထောင်တွင်းမှာ နှိပ်စက်သတ်ဖြတ်ခံရသူတွေအကြောင်း အာရုံစိုက်ပေးဖို့ မပန်ကြားလိုပါ။ ပြည်သူလူထုကို ပန်ကြားလိုတာက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ တော်လှန်ရေးဦးတည်ချက်များကို အာရုံစိုက်စေချင်ပါတယ်။ ဒီနေ့ ထောင်ထဲမှာလည်း ဒီတောင်းဆိုချက်တွေကို ဆက်လက်ဆွဲကိုင် ဆန္ဒဖော်ထုတ်တယ်” လို့ဆက်လက်တိုက်တွန်းထားပါတယ်။