Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အများအပြားသေပြီး PDFတစ်ဦးကျဆုံး

အထက်ပါတိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ထိမှန်ကာ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးသွားကာ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းတပ်ဖွဲ့တာဝန်ခံက ဆက်ပြောသည်။

(PDF ပူးပေါင်းတပ်မှ ကျဆုံးရဲဘော်အား တိုက်ပွဲမတိုင်မီက အခြားရဲဘော်များနှင့်အတူတွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(PDF ပူးပေါင်းတပ်မှ ကျဆုံးရဲဘော်အား တိုက်ပွဲမတိုင်မီက အခြားရဲဘော်များနှင့်အတူတွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက ၃နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားတပ်ဖွဲ့က ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၇)နံနက် ၁၁နာရီ ၄၀မိနစ်ခန့်က ရေတာရှည်မြို့နယ် နဂျပ်ရွာအနီးစစ်ကြောင်းထိုးလာသော အင်အား (၉၀)ခန့်ပါ စစ်ကောင်စီတပ်ကို ဒေါင်းမင်းသားတပ်ဖွဲ့၊ သံတောင်မြောက်ပိုင်း အဘဦးကိုကြီးဦးဆောင်သည့်တပ်ဖွဲ့နှင့် တပ်ခွဲ(၄)တို့က အပြင်းအထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၈ ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားတပ်ဖွဲ့က ပြောဆိုပြီး ယင်းသေဆုံးစာရင်းအား People’s Spring က သီးခြားအ တည်ပြုနိုင်ခြင်း မရှိသေးပေ။

“စစ်ခွေး ၁၈ ကောင်ကျသွားတယ်နော်။ ဒဏ်ရာရတာတွေလည်း များတယ်။ ဗိုလ်လေးတစ်ကောင်ရယ် သုံးရစ်တစ်ကောင်ရယ် ပါတယ်”ဟု ဒေါင်းမင်းသားတပ်ဖွဲ့တာဝန်ခံက People’s Spring သို့ ပြောသည်။

အထက်ပါတိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ထိမှန်ကာ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးသွားကာ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းတပ်ဖွဲ့တာဝန်ခံက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ကျောပိုးအိတ်၊ ကျည်၊ ဘတ်တံဆိပ်များအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

You May Also Like

သတင်း

တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

ကုလသမဂ္ဂဌာနချုပ်၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာပြည်သူများနှင့်တစ်သားတည်းရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံသည့် အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်နေရာရရှိထားသည်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကြောင်းထွက်ပြီးနောက်ရဲဘော်များရှင်းလင်းရေးဝင်ပြီးမှသာရွာထဲသို့ပြန်ဝင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

သတင်း

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး (အနောက်)နှင့် ယောရွာအထိုင်ချ စစ်တပ်နှင့် ပျူစောထီးများအား ကန့်ဘလူခရိုင် မဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။