Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုတ်သုံအား​ကောင်း၍ တိုင်းနှင့်ပြည်နယ် သုံးခုမိုးကြီးနိုင်

မြန်မာနိုင်ငံအလယ်ပိုင်းမန္တ​လေးတိုင်းတွင်လည်း ယခုရက်ပိုင်းမိုးဆက်တိုက်ရွာသွန်း​နေသည်မှာ ၃ ၊၄ ရက်ရှိပြီဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

(ရန်ကုန်မြို့၌ မိုးသည်ထန်​​ခဲ့စဥ် ။ဓါတ်ပုံ-CJ)
(ရန်ကုန်မြို့၌ မိုးသည်ထန်​​ခဲ့စဥ် ။ဓါတ်ပုံ-CJ)

မြန်မာ့ကမ်းရိုးတန်းဒေသများ၌မုတ်သုံလေအားကောင်းနေပြီး ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်သုံးခု၌ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၅ရက်(ယ​နေ့)မှ ဇွန်လ ၁၈ရက်အတွင်း ရခိုင်ပြည်နယ်၊ ကချင်နှင့်မွန်ပြည်နယ်၊တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးမည့်သတိပေးချက်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

” မိုးက ဆက်တိုက်ကို ကောင်းနေတာပါ။ ရွာရင်တစ်နာရီလောက် မနားတမ်းရွာတာ။ ချောင်းတွေတော့ ရေပြည့်ရေလျှံဖြစ်နေပြီ”ဟု တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းမန္တ​လေးတိုင်းတွင်လည်း ယခုရက်ပိုင်းမိုးဆက်တိုက်ရွာသွန်း​နေသည်မှာ ၃၊ ၄ ရက်ရှိပြီဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

ယခုနှစ် အနောက်တောင်မုတ်သုန်လေသည် မြန်မာတစ်နိုင်ငံလုံးသို့ ဇွန်လ ၉ ရက်တွင် အပြီးသတ်ဝင်ရောက်ခဲ့သည်ဟု

MOHADMက သတင်းထုတ်ပြန်သည်။ မုတ်သုံလေဝင်ရောက်ပြီးပါက ဒေသအများစု မိုးကောင်းပြီး ရေကြီးရေလျှံလေ့ရှိသည်။