Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် မိုး​ကောင်းပြီး ​ဒေသအချို့ ​ရေလျှံ

ယနေ့(ဇွန် ၂၂) ညနေတွင် ဖားကန့်၌ မိုးဆက်ရွာ‌နေပြီး လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)၊ ငှက်ပျောတောရပ်ကွက်တို့တွင် နေအိမ်များအတွင်း ရေဝင်နေကြောင်း ဒေသခံများက‌ပြောသည်။

(ဖားကန့်​ဒေသတွင် ဇွန် ၂၂ ရက်က​ရေကြီး​ရေလျှံ​နေစဥ်။ ဓါတ်ပုံ-CJ)
(ဖားကန့်​ဒေသတွင် ဇွန် ၂၂ ရက်က​ရေကြီး​ရေလျှံ​နေစဥ်။ ဓါတ်ပုံ-CJ)

ဖားကန့်တွင် မိုး​ကောင်း​နေသဖြင့်ဥရုချောင်းရေလျှံကာလုံးခင်းကျေးရွာအုပ်စုအပါအဝင် မြေနိမ့်ပိုင်းရပ်ကွက်များ ရေကြီးနစ်မြုပ်နေကြောင်း ​​ဒေသခံများက​ပြောသည်။

“ရေက တရိပ်ရိပ်တက်နေတာပါ။ အထက်မှ မိုးများနေတာ။ မိုးဆက်ကောင်းရင် အိမ်ကနေ ခွာရမယ်”ဟု လုံးခင်းဒေသခံတစ်ဦးကပြောသည်။

(ဖားကန့်​ဒေသတွင် ဇွန် ၂၂ ရက်က​ရေကြီး​ရေလျှံ​နေစဥ်။ ဓါတ်ပုံ-CJ)
(ဖားကန့်​ဒေသတွင် ဇွန် ၂၂ ရက်က​ရေကြီး​ရေလျှံ​နေစဥ်။ ဓါတ်ပုံ-CJ)

ယနေ့(ဇွန် ၂၂) ညနေတွင် ဖားကန့်၌ မိုးဆက်ရွာ‌နေပြီး လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)၊ ငှက်ပျောတောရပ်ကွက်တို့တွင် နေအိမ်များအတွင်း ရေဝင်နေကြောင်း ဒေသခံများက‌ပြောသည်။

Public Service Announcement
Public Service Announcement

ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေ အားကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM က သတင်းထုတ်ပြန်ထားသည်။ မိုးကြီးပြီး မြစ်ချောင်းများ ရေကြီးရေလျှံနိုင်ခြေရှိ၍ရေဘေးသတိပြုကြရန် MOHADM က သတိပေးထားသည်။