Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများစုဖွဲ့လေ့ကျင့်မှုပြုလုပ်

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-NUG၊ MoD
ဓာတ်ပုံ-NUG၊ MoD

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်​ဒေသခွဲ PDF တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ၏ စုဖွဲ့လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများကိုယနေ့(ဇွန်လ ၂၂)ထုတ်ပြန်သည်။

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များ ဖြစ်ကြောင်း သိရသည်။

တပ်ရင်း ၅၁၀၁ မှ ရဲဘော်များအနေဖြင့် စစ်ဆင်ရေးလှုပ်ရှားမှုများသာမက စုဖွဲ့လေ့ကျင့်မှုများကိုပါ အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး တောတွင်းနှင့် မြို့ပြစစ်ဆင်ရေးများ ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်နိုင်ရေး အထူးကြိုးပမ်းလျက်ရှိပါကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ် အသိပေးထားသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ သည် စစ်​ကောင်စီအား ရန်ကုန်တိုင်းတွင်စစ်ဆင် ​ရေးများပြုလုပ်ရန် ၊ရန်ကုန်တိုင်းပြင်ပမှ ဖိအား​ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်​ကြောင်းNUG ၊ကာကွယ်​ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က Myanmar Now သတင်းဌာနသို့​ဖြေကြားထားသည်။